တုနိုင်းမဲ့ ကျေးဇူးရှင်

တုနိုင်းမဲ့ ကျေးဇူးရှင်
………………………..
ဘဝကအရွက်ကျရာအပင်ပေါက်ရင်း
ကျွန်တော့်ဘဝကို
အဖေချယ်မှုန်းပေးခဲ့တယ်
အမေချယ်မှုန်းပေးခဲ့တယ်
ဟုတ်တယ်………..
လေနှင်ရာလွင့်မျောမိနေတဲ့
ကျွန်တော့်ဘဝ
အဖေကိုယ်တိုင်ထုဆစ်ပြီး
အမေကိုယ်တိုင်ချယ်သပေးနိုင်ခဲ့တယ်…။

ဒီလိုနဲ့ကျွန်တော့်ဘဝ
“လူသား”ဆိုတဲ့
သဘာဝဥယျာဉ်ကြီးထဲမှာ
အဖေနဲ့အမေ……..
ပို့ဆောင်ပေးခဲ့တာပေါ့….။

ကျွန်တော်လည်းဘာရယ်မှန်းမသိပေမဲ
အဖေ အမေပို့ပေးတဲ့
ဥယျာဉ်ကြီးထဲကိုတော့
အချိန်ကြာမြင်စွာ
စမ်းတဝါးဝါးနဲ့လျှောက်လှမ်းခဲ့တယ်လေ…
ကျွန်တော်လျှောက်လှမ်းနေတဲ့အခိုက်မှာ
“သား…..သာ…..ရေ..”ဆိုတဲ့
အဖေ အမေတို့ရဲ့နှုတ်ဖျားက
နားဝင်ချိုတဲ့တေးသွားနဲ့အတူ
ကျွန်တော့်နားကိုပဲ့တင်စေပြီး
အပြာရောင်ချယ်သထားတဲ့
“ကောင်းကင်”
အရောင်တွေဖြန့်ဝေထားတဲ့
“နေမင်း”
ကြယ်စင်တွေခြံရံနေတဲ့
“လမင်း” တို့ကို
အဖေနဲ့ အမေဟာ
ကျွန်တော့ကိုမြင်စေခဲ့ပြီပေါ့………။

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ