.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Sunday, November 25, 2012

သက်ဆိုင်သူ………..သို့


သက်ဆိုင်သူ………..သို့

……………………………

အချိန်တစ်ခုရဲ့စီးချက်တိုင်း

မေ့မျှောမိခဲ့တဲ့ငါ့နှလုံးသာက

မေ့လို့မရတဲ့သံစဉ်တစ်ခုကို

နာထောင်ချင်လှပြီ…။

တီးခက်ဖို့သံစဉ်ကြိုးက

ညှိနေခဲ့တာဆိုပေမဲ့

ကြာမြင့်လှတဲ့အချိန်တစ်ခုကို

နှလုံးသာကမေတ္တာပို့နေခဲ့ပြီ…။

သာယာဖွယ်မတီးခက်နိုင်သေးတောင်မှ

`မြည်ပါတယ်´ဆိုတဲ့အသံတစ်ခုကိုတော့

ကြိုတင်တီးခက်ပြသင့်ပြီ….။

ခုတော့……………….

အေးမြတဲ့ဆောင်းရာသီကတောင်

အေးမြခြင်းအထိမ်းအမှတ်အဖြစ်

ဆုတဆိပ်တွေပေးအပ်ဖို့

ရာသီကြိုမစသေးခင်

ပွဲတွေပြင်ဆင်နေပြီလေ

ဆုတဆိပ်တွေမအပ်နှင်းခင်

နှလုံးသားကိုနိုးထစေဖို့

သံစဉ်တစ်ပုဒ်ကိုတီးခက်ပြပါလား

ဒါဟာ………အချစ်ပဲ..လို့……။

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4