အမေသို့တမ်းခြင်း

အမေသို့တမ်းခြင်း
……………………..
အမေရေ………..
ပြာလဲ့လဲ့ကောင်းကင်အောက်မှာ
သိုသိုသိပ်သိပ်
အထီးကျန်နေရတဲ့ကျွန်တော့်ဘဝ
ကြယ်တာရာတွေစုံညီလှတဲ့
လမင်းကြီးရဲ့ဘဝကိုတော့
အားကျမိတာအမှန်ပါ…..။
သားရဲ့ဘဝမှာ…..
ပြည့်စုံမှုတွေဆောင်ယူလာတဲ့
အမေ့ရဲ့မေတ္တာတွေ
သား…………
မေ့လို့ရမယ်မထင်ဘူး..။

ဆပ်၍မကုန် ကုန်၍မခန်း
အမေ့ရဲ့မေတ္တာစွမ်းကို
သား…………
နေ့စဉ်ရက်ဆက်
သတိရနေဆဲပါ….အမေ.။

အားငယ်တက်
ဂုဏ်ငယ်တက်တဲ့
သားရဲ့အကျင့်ကို(စရိုက်)
ပြုပြင်ဖို့ရောက်လာတဲ့
အမေ့ရဲ့မေတ္တာဟာ
လျှပ်စစ်ဓာတ်အားလို
အမှောင်ပယ်ဖျောက်
အလင်းရောက်အောင်
ပို့ဆောင်ပေးနိုင်ခဲ့ပါပြီ…အမေ.
။                    ။

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ