သူရဲကောင်းတို့ရေးဆွဲသောနေ့ရက်များ
…………………………………………….
နာရီရဲ့စီးချက်တွေကတဂျက်ဂျက်နဲ့
ပိုင်ရှင်မဲ့တီးချက်အလား
လောကကြီးကိုတနည်းတဖုံစိုပြေစေဖို့
ခံစားချက်တီးလုံးပမာတီးခက်နေလေရဲ့
အလားတူခံစားချက်တွေက
ဘက်ပြိုင်လောကရဲ့တစိတ်တဒေသ
ပြည်မြန်မာအလှတရားတွေကို
ကိုပိုင်”လွတ်လပ်ခြင်း”အဖြစ်ထုဆစ်စေဖို့
သမိုင်းရဲ့မိခင်တစ်ယောက်၏အားထုတ်မှု့က
“ကမ္ဘာမြေကိုတုန်လှုပ်စေနိုင်ခဲ့တယ်”
“ပြည်မြန်မာကိုပြောင်းလဲစေနိုင်ခဲ့တယ်”
“ကမ္ဘာမှာမြန်မာလို့ဝင့်ကြွားစေနိုင်ခဲ့တယ်”
ရဲစွမ်းသတ္တိအားထုတ်မှုက…………….
အံ့မခမ်းတုန်လှုပ်စေနိုင်ပြီး
ရာဇဝင်သမိုင်းမှာနေ့ပေါင်းများစွာရေးထိုးနိုင်ခဲ့ပြီ…။
အဲဒီနေ့တွေက…………………………
…………………………………………..
……………………………………………။ ။
ဇွဲမာန်(အင်းဝ)
လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမှတ်တရ
No comments:
Post a Comment