Friday, June 21, 2013
အိုး.......သတိရလိုက်တာ
ရင်ထဲကခံစားချက်အတိုင်း
ခေါင်းစဉ်တပ်ခွင့်မရှိတဲ့ငါ့ကို
နားလည်မှုတွေဘာလို့ပေးရတာလဲ
တကယ်ဆိုရင်………..
ငါ အော်ခေါ်ပြီးပြောလိုက်ချင်တယ်
မင်းကလွဲပြီးဘယ်သူ့ကိုမှမချစ်ဘူးလို့
ခုတော့………………..
ဘောင်တွေစည်းတွေကြားမှာ
ရုန်းရင်းဆန်ခက်နဲ့
လွမ်းသလိုဆွေးသလို တိတ်တဆိတ်
ခွဲခွာရမှာတောင် မချင့်မရဲ
စူးရှတဲ့မျက်ဝန်းအလှကြောင့်လား
ယုယတဲ့အကြင်နာတွေကြောင့်လား
ရင်ထဲကမသိစိတ်ကဝေခွဲမရ
ငါ……..ငါ………..ငါလေ
အိုး…………
သတိရလိုက်တာ…။ ။
ဇွဲမာန်(အင်းဝ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment