စဉ်းစားပေးပါ

စဉ်းစားပေးပါ
………………….
ခံစားချက်တွေရေးထိုးဖို့
စကားလုံးတွေရွေးချယ်ခဲ့တယ်
နာရီတွေတောင်ကျော်လွန်လို့ပေါ့
သူများပြောသလိုလိုက်ပြောရအောင်လဲ
မတူကွဲပြားချားနားခြင်းတွေနဲ့
ငါဘာလုပ်လိုက်ရမှာလဲ
ရှေ့ဆက်ဖို့နေရာတွေရှာရမှာလား
အာမခံချက်မရှိတဲ့ဘဝတစ်ခုမှာ
ဖျာတစ်ချက်စာရဖို့နေရာတွေလုနေခဲ့ရတယ်
သူပြိုင်ကိုယ်ပြိုင်အပြိုင်အဆိုင်နဲ့ပေါ့
နိုင်သူ ရှုံးသူကြားမှာတခါတရံဒိုင်လူကြီးလုပ်လို့
ဟုတ်သလို မဟုတ်သလိုလိမ်တယ်ညာတယ်
ဖြစ်ခြင်တိုင်မဖြစ်ဘူးဆိုတာကိုတော့လက်ခံပါရဲ့
ဖြစ်သင့်ဖြစ်ထိုက်တာကိုဦးစားမပေးဘူးဆိုတော့
ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ
ငွေရှိတဲ့သူလား
အာဏာရှိတဲ့သူလား
ငွေမရှိတဲ့ငါလား
အာဏာမရှိတဲ့ငါလား
သေချာတာကတော့ကြေမွခဲ့ရပြီ
သူတို့ဘဝ ငါတို့ဘဝ….။    

ဇွဲမာန်(အင်းဝ)




Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ