ရှင်သန်နေဆဲ ပျံနေဆဲ

ရှင်သန်နေဆဲ ပျံနေဆဲ
......................
ချောက်
ဒါဘာသံလဲ
သေချာနားထောင်ကြည့်
အော်နေတာမဟုတ်ဘူး
ငိုနေတာမဟုတ်ဘူး
ရဲစိတ်ရဲသွေးနဲ့ကြွေးကြော်နေတာ
အားမာန်စိတ်အပြည့်နဲ့လျှောက်လှမ်းနေတာ
လျှောက်သွားနေတာမဟုတ်ဘူး
ရေနံမြေအလုပ်သမားတွေ
ပြည်သူတွေ
သခင်ဗဟိန်း
အာဠ၀ကသခင်ဖိုးလှကြီး
အာဇာနည်(၁၇)ဦး
မိုင်လေးရာခြေကျင်ခရီး
ရဲရဲတောက်သွေးတွေနဲ့အတူ
၁၃၀၀-ပြည့်သမိုင်းမော်ကွန်းကိုရေးထိုးနိုင်ခဲ့။
တစ် နှစ်
သုံး လေး အော်နေစရာမလိုဘူး
သခင်မျိုးဟေ့.............
ညီညွတ်ပြီးသား တူညီပြီးသား
အာဏာရှင် ဓနရှင် ခရိုနီ
ကုတ်သွေးစုပ်အလုပ်ရှင်လူမျိုးခြား
အားလုံးရှင်းပါစေ လင်းပါစေ
နယ်ချဲ့ကိုလည်းလက်မမြှောက်
ခရိုနီကိုလည်းဒူးမထောက်
အာဏာရှင်ကိုလည်းသူတို့မကြောက်
လက်မမြှောက် ဒူးမထောက်
“မြင်းခွာသံတစ်ချက်ပေါက်တိုင်း
မီးဟုန်းဟုန်းထတောက်စေမယ်ကွယ့်”
၁၃၀၀ပြည့်သမိုင်းဝင်မိန့်ခွန်း
သခင်ဗဟိန်းမြွက်ကြားခဲ့ပေါ့။
အို...မြန်မာ ဒို့မြန်မာ
အိပ်စက်ခြင်းမှထကြပါကုန်လော့
အနားယူခြင်းမှနိုးထကြပါကုန်လော့
ယနေ့အချိန်သည် သင့်အချိန်
ယနေ့မြန်မာသည် သင့်မြန်မာ
ယနေ့ဒီမိုကရေစီသည် သင့်ဒီမိုကရေစီ
နောက်ဆုတ် တွန့်ဆုတ်နေဘို့မသင့်တော့
လွတ်လပ်ရေးသည်......
ယခုမှ ရသည် ရဆဲ ရလတ္တံ့ 
သွေးတွေ ချွေးတွေ
မခြောက်ခမ်းသေးဘူး
ကြွေးကြော်သံတွေ
မဆိတ်သုဉ်းသေးဘူး
ငါတို့အဓိဋ္ဌာန်
ငါတို့ကြွေးကြော်သံ
အာဏာရှင် ဓနရှင် ခရိုနီ နယ်ချဲ့
ကုတ်သွေးစုပ်အလုပ်ရှင်လူမျိုးခြား
မကျဆုံးသ၍(သရွေ့)တလွင့်လွင့်ပျံ့တက်နေရမည်
မြန်မာတည်သ၍
မြန်မာတည်သ၍
မြန်မာတည်သ၍......။ ။

ဇွဲမာန်(အင်းဝ)
၁၃၀၀ပြည့်အရေးတော်ပုံ(၇၅)ပြည့်စိန်ရတုအမှတ်တရရေးစပ်သည်..။

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ