စိတ္တဇအကျဉ်းသား
……………………..
ရောက်နေတဲ့နေရာနဲ့ရောက်သင့်တဲ့နေရာ
ချိန်ထိုးကြည့်ရင်
အလေးသာမှုကဘယ်ဘက်ကိုဦးတည်နေမလဲ
စဉ်းစားကြည့်လိုက်တိုင်းရင်လေးမိတယ်
မိရွေချောတို့များလုပ်လိုက်ရင်တလွဲဆိုတဲ့
သူ့နှုတ်ဖျားကစကားသံများ
ဘယ်ဆီကိုလွင့်မျှောနေပါလိမ့်
အသက်ရှုကြပ်လာတိုင်း
မြင်ယောင်လာတဲ့သူ့ပုံရိပ်
အားကိုးမှုတွေအပြည့်နဲ့ပေါ့
ဘေးကိုကြည့်တော့နံရံကိုမြင်ရပြီး
ဘာမှမတွေ့ရတဲ့ငါ့အဖြစ်
ဟူးးးးးးးးးးးးးးးးးးးး
ရင်လေးလိုက်တာ
ဘယ်ချိန်များဒီဝဋ်ကျွေးလွတ်လိမ့်မလဲ
အတွေးတွေကိုဆန့်နေရင်း
မနေ့ကကျန်နေတဲ့ပေါင်မုန့်ကိုသတိရမိလိုက်တယ်
ငါမနက်ဖြန်အတွက်
အားအင်တွေမွေးရအုံးမှာလား…။ ။
ဇွဲမာန်(အင်းဝ)
No comments:
Post a Comment