ပျော်ရွှင်ပါစေ


ပျော်ရွှင်ပါစေ

ငါဘာအသုံးကျလို့လဲ
ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေပါနဲ့
အနီးစပ်ဆုံးလူတစ်ယောက်ကိုတောင်
ပျော်ရွှင်မှုမပေးနိုင်ဘူးဆိုရင်
ဘယ်လိုလုပ်လူတွေကိုကူညီစေနိုင်မှာလဲ
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာတစ်ထပ်ထဲကျဖို့ဆိုတာ
မလွယ်ကူမှန်းတော့သိပါတယ်
ဒါပေမယ့်
အနဲဆုံးတော့သူကျေနပ်နိုင်မည့်အထိ
တစ်ခုခုတော့မင်းလုပ်ပေးသင့်ပါတယ်
လူတစ်ယောက်အတွက်
ပျော်ရွှင်မှုဆိုတာအရမ်းတန်ဖိုးကြီးလို့ပါ
သူသာပျော်ရွှင်ခဲ့မယ်ဆိုရင်
ငါလည်းနေ့တိုင်းပျော်ရွှင်ရမှာပဲ
ခုတော့
ငါငိုနေရပြီမဟုတ်ပါလား ။ ။

ဇွဲမာန်(အင်းဝ)



Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ