ကြောင်နှင့်ကြွက်

ကြောင်နှင့်ကြွက်

အသိတရားမရှိတဲ့နောက်
အသိတရားမသိတော့ဘူး။

နေရာတကာလုပ်လို့ရတယ်
စိတ်ထဲမှာထင်နေတုန်းမဟုတ်လား
ကြောင်ဖြစ်တဲ့အချိန်ကကျော်လွန်ခဲပြီ
ကြွက်ဘဝရောက်နေတာမေ့နေတာထင်တယ်။

ငရဲကြီးရင်ငရဲလေးကနိုင်လိမ့်မယ်
ကလေးပြောစကားတွေကိုယုံနေတယ်ပေါ့။

မှားသွားပြီ
ဘဝတစ်ခုအတွက်အမည်းစက်ကစိုးမိုးခဲ့ပြီပဲ။

ကြောင်တွေလက်သည်းဝှက်တဲ့အချိန်က
ကြွက်တွေကိုမမြင်သေးလို့ပါ
သတိထား
ကြွက်တွေသတ်ဖို့အတွက်
ကြောင်တွေချောင်းနေပြီ့။ ။

ဇွဲမာန်(အင်းဝ)

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ