.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, May 16, 2014

ဘဝ ၁၃။

ဘဝ ၁၃။
ဖြစ်ချင်တာဖြစ်ခွင့်မရှိတဲ့နောက်
ဘဝကိုငြီးငွေ့လာခဲ့ကြတယ်။
အပျံသင်ခါစငှက်ဖြစ်ရင်တော့
ခဏ ခဏ လဲကျနေအုံးမှာပဲ
ဇွဲမလျှော့မိဖို့သာအရေးကြီးတာပါ။
သူဖြစ်နေသလိုဖြစ်ရမယ်လို့မဆိုလိုဘူး
ဖြစ်သင့်ဖြစ်ထိုက်တာကိုဖြစ်စေရမယ်။
ဘဝဆိုတာ
ဒီရေလှိုင်းလိုပါပဲ
အတက်အကျနဲ့ရှင်သန်ခဲ့တာ။
အောင်မြင်တယ်ဆိုတိုင်း
အပျော်မလွန်စေမိသလို
ကျရှုံးတိုင်းလည်း
စိတ်ဓာတ်ကျနေစရာမလိုအပ်ဘူး။
အတွေ့ကြုံတိုင်းဟာသင်ခန်းစာတွေပါ
ယူတက်ဖို့နဲ့အကောင်းအဆိုးခွဲခြားတက်ဖို့ပါ။
မထိုက်တန်သေးတဲ့ဘဝတွေကို
တွေးတောစိတ်ကူးယဉ်အချိန်ကုန်စေတာထက်
ရောက်နေ ရနေတဲ့ဘဝလေးကို
ဘယ်လိုကောင်းအောင်ကြိုးစားမလဲဆိုတာစဉ်းစားပါ။
အူဝဲ အူဝဲ အူဝဲလို့အော်လိုက်တဲ့အချိန်ကစလို့
ဘဝအတွက်အချိန်ကသတ်မှတ်ပေးလိုက်ပြီ
သင့်ဘဝအတွက်
လောကကောင်းကျိုးအတွက်
သင့်မိသားစုအတွက်
သင့်ပတ်ဝန်းကျင်အတွက်
သင့်နိုင်ငံ သင့်ဘာသာ သင့်သာသနာ
အရာအားလုံးအတွက်
ဘယ်လောက်အကျိုးသယ်ပိုးပေးလဲ
ဘယ်အတိုင်းတာအထိ
ကောင်းအောင်ပြုလုပ်ပေးလဲဆိုတာ
သေမင်းကစောင့်ကြည့်နေခဲ့ပြီး
အချိန်စေ့ရင်တော့ဘဝတစ်ခုရက်တန့်ခံရအုံးမှာပါပဲ။ ။
ဇွဲမာန်(အင်းဝ)
၀၁၂၀၅၀၁၄

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4