ဘဝ ၁၇။


ဘဝ ၁၇။

ဖြစ်ချင်တာဖြစ်ခွင့်မရှိတဲ့နောက်
ဖြစ်သင့်တာတွေကိုဥပေက္ခာပြုနေကြတယ်။

ကိုယ်လုပ်လိုက်တိုင်းမရခဲ့မိရင်
ကံကိုချည်းအပြစ်တင်မစောပါနဲ့
တခါတလေဇွဲကိုသတိရလိုက်ပါ။

ဘဝဆိုတာ
မတည်မြဲခြင်းရဲ့အလွှာတစ်ခုပါပဲ
ဖြစ်ပျက်သဘောတရားကို
သွယ်ဝိုက်ပြီးသိမ်းထားတက်တယ်။

ဘဝရဲ့အဓိပ္ပါယ်ကိုမြင်နိုင်စွမ်းရှိသူတွေက
ကိုယ်လိုချင်တာကိုရအောင်ယူတက်တယ်
ဘယ်သောအခါမှအရှုံးတရားကိုလက်မခံဘူး
နေဝင်အချိန်
နေထွက်အချိန်
ပူတယ်
အေးတယ်
ရာသီတွေစစ်တမ်းကောက်မနေကြဘူး
ဘဝပေါင်းများစွာအဆင်ပြေစေဖို့အတွက်
ဘဝတစ်ခုကိုစတေးပစ်လိုက်တယ်။

ဒါပေမယ့်
ဘယ်သူမှသတိမထားမိကြအချိန်လေးမှာ
ဘဝတစ်ခုကိုအစပျိုးလိုက်ပုံက
ဦးဦး ပန်း ယူအုံးမလား တဲ့
သြော့်
သန့်ရှင်းနေကြတဲ့ဘဝလေးတွေ
မြေစာပင်ဖြစ်ခဲ့ရရှာပေါ့။ ။

ဇွဲမာန်(အင်းဝ)
၀၂၃၀၅၀၁၄

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ