.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, May 16, 2014

ဘဝ ၄။

ဘဝ ၄။
ငါဘဝအကြောင်းကိုကဗျာရေးတယ်
ကဗျာကဘဝဖြစ်နေတာငါမသိဘူး။
နေ့စဉ်လှုပ်ရှားသမျှကိုဘဝလို့ထင်ခဲ့မိတာ
မှားသလားဆိုတော့မမှားဘူး
မှန်သလားဆိုတော့မမှန်သေးဘူး။
ဒါဆိုဘဝဆိုတာဘာလဲ
ကဗျာဆရာတွေကိုမေးကြည့်ရအုံးမယ်
ပန်းချီဆရာတွေမေးကြည့်ရအုံးမယ်
အနုပညာရှင်တွေမေးကြည့်ရအုံးမယ်
သမ္မတကြီးကိုမေးကြည့်ရအုံးမယ်
မိဘပြည်သူများကိုမေးကြည့်ရအုံးမယ်
ခရိုနီအာဏာရှင်
ဒီမိုကရေစီလူ့အခွင့်ရေး
နိုင်ငံရေးဘာသာရေး
မေးကြည့်ရအုံးမယ်ဘဝဆိုတာဘာလဲ
ပြောကြမှာပဲ
ကိုယ်ထင်ရာကိုယ်မြင်ရာ
ဘဝအကြောင်းတွေအထပ်ထပ်
တကယ်တော့ဘဝဆိုတာ
နက်နဲတယ်
နက်ရှိုင်းတယ်
်မြင့်မြတ်တယ်
သေချာတာတစ်ခုကတော့
သေခြင်းဟာဘဝဖြစ်နိုင်သလို
ရှင်ခြင်းဟာလည်းဘဝဖြစ်နိုင်တာပဲ။ ။
ဇွဲမာန်(အင်းဝ)

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4