ဘဝ ၁။

ဘဝ ၁။
ညတွေကိုညချင်းထက်ပြီး
ချော့သိပ်လိုက်ချင်တယ်။
ညတွေက အိပ်မပျော်ကြဘူး
ညတွေက တိတ်ဆိတ်နေကြတယ်
ညတွေက ဆူညံနေကြတယ်
ညတွေက ဆန္ဒပြနေကြတယ်
ညတွေက ဝမ်းစာရှာနေကြတယ်
ညတွေက နေရောင်ခြည်အလိုမရှိကြဘူး
ညတွေက မှောင်ရိပ်ခိုကြတယ်။
ညတွေက
ညတွေက
ညတွေက
မနက်မဟုတ်ကြဘူး။ ။

ဇွဲမာန်(အင်ဝ)

Comments

Popular posts from this blog

ညီမလေးသတိထားပါနော်

ပျံသန်းသွားတဲ့ချိုးဖြူတစ်ကောင်ကိုလွမ်းဆွတ်ခြင်း

ခံယူခွင့်မရှိသော ဒီနေရာ