.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, May 16, 2014

ဘဝ ၈။

ဘဝ ၈။
လမ်းမပေါ်
စွန့်ပစ်လူသားတို့ရဲ့ရွှေငွေတွေကို
ကျုပ်ပျော်ပျော်ကြီးကောက်မိခဲ့တယ်။
လင်းကြက်တို့နဲ့အပြိုင်
အစာရှာထွက်ခဲ့
အောင်နက်တို့အုပ်စုက
ဝိုင်းဟောင်ကြတယ်။
လွယ်ထားတဲ့လွယ်အိပ်က
မိတ်အင်ဘားမား။
ဘီယာဗူးခွန်တွေ
ရေသန့်ဗူးခွန်တွေ
အဝေးကိုလွတ်မပစ်ပါနဲ့
လမ်းကြုံရင်ပြောပေးပါ
ပွကြီးရယ်
ဒိုးလုံးရယ်
ရွှေမိရယ်
ဟိုကောင် ဖိုးတေရော
တောင်ဘက်မှာဝိုင်းကောင်းနေတယ်လို့။
နေရာဖယ်ပေးပါ
ခင်ဗျာထိုင်နေတာကြာရောပေါ့
ရှေ့လူနောက်လူ
အဝင်အထွက်မျှတစွာကြည့်ပေးပါ။
ကိုင်း လူစုံပြီ
ပွဲလေးစကြစို့
ဆန္ဒတွေ့။ ။
ဇွဲမာန်(အင်းဝ)

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4