.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, May 16, 2014

ဘဝ ၁၂။

ဘဝ ၁၂။
ကျွန်တော့မျက်လုံးတွေကို
ဖောက်ထုတ်ပေးပါ
မျက်မမြင်တဲ့ညီမလေးကို
လောကအလှတရားတွေပြချင်လို့ ။

ကျွန်တော့်နားတွေကို
ဖျက်ထုတ်ပေးပါ
နားမကြားသောညီမလေးကို
သံစဉ်အလှတွေနားထောင်စေချင်လို့။
ကျွန်တော့်လျှာတွေကို
လှီးထုတ်ပေးပါ
ဆွံ့အနေသောညီမလေးကို
စကားတွေအများကြီးပြောစေချင်လို့။
ကျွန်တော့်ခြေချောင်းတွေကို
ဖျက်တောက်ပေးပါ
လမ်းမလျှောက်နိုင်တဲ့ညီမလေးကို
ကျွန်တော်နဲ့အတူလျှောက်စေချင်လို့။
ကျွန်တော့်လက်ချောင်းတွေကို
လှီးဖျက်ပေးပါ
လက်အင်္ဂါချိုယွင်းနေတဲ့ညီမလေးကို
လက်စွက်လှလှလေးတွေဝတ်စေချင်လို့။
ကျေးဇူးပြု၍ ဆူညံမှုတွေမပြုလုပ်လိုက်ပါနဲ့
ဘာမှမသိရှာတဲ့ကျွန်တော့်ညီမလေး
အေးချမ်းခြင်းမှနိုးထသွားမှာစိုးရိမ်လို့ပါ။ ။
မသန်စွမ်းသူတို့ရဲ့ဘဝတွေကို ကိုယ်ချင်းစာလျှက်ဂုဏ်ပြုရေးသားသည်။
ဇွဲမာန်(အင်းဝ)

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4