ဘဝ ၂၆။
- Get link
- X
- Other Apps
ဘဝ ၂၆။
မတူကွဲပြားဘဝတွေကြားမှာ
ငယ်ငယ်ကအတိတ်ပုံရိပ်တွေ
ဟိုဟိုဒီဒီပြေးလွှားနေခဲ့။
ထွန်းမော်ရေ
ကျော်မောင်ရေ
ပြေးခဲ့ဟေ့
မိတာနဲ့မိအေးရော
ဘယ်မှာလဲ
ဒိုးပစ်ကြမယ်
ပြေးခုန်တမ်းကစားမလား
ဟဲ့ထွန်းမော်
နင်ကငါ့ဘက်ကပါရမယ်။
တစ်နှစ်
နှစ်နှစ်
လေးငါးနှစ်
အရွယ်တွေကစကားပြောလာကြ
လွယ်အိပ်ကိုယ်စီလွယ်ကြ
မေ့မရအတိတ်တွေကလွမ်းဧကရီ
ထွန်းမော်လည်းဟိုအဝေးဆီ
ကျော်မောင်လည်းလယ်တောဆင်းလို့
မိအေးကကလေးရှေ့မှာမြေဖြူကိုင်
မိတာ ခမျာအကြော်ဗန်းလေးရွက်ပြီး
ဘဝအတွက်သင်ခန်းစာတွေကျက်နေလေရဲ့
မတူကွဲပြားဘဝတွေ
မတူကွဲပြားစိတ်ဓာတ်တွေ
လိုရာအရောင်ချယ်လာကြ
ဘယ်မှာလဲ
ဘယ်ဆီမှာလဲ
ဖြူစင်ရိုးသားတဲ့ဘဝတွေ
သီအိုရီပြတိုက်ဒေါင့်နားလေးမှာ
တိတ်ဆိတ်ငြိမ်သက်လို့။ ။
ဇွဲမာန်(အင်းဝ)
၀၁၃၀၆၀၁၄
မတူကွဲပြားဘဝတွေကြားမှာ
ငယ်ငယ်ကအတိတ်ပုံရိပ်တွေ
ဟိုဟိုဒီဒီပြေးလွှားနေခဲ့။
ထွန်းမော်ရေ
ကျော်မောင်ရေ
ပြေးခဲ့ဟေ့
မိတာနဲ့မိအေးရော
ဘယ်မှာလဲ
ဒိုးပစ်ကြမယ်
ပြေးခုန်တမ်းကစားမလား
ဟဲ့ထွန်းမော်
နင်ကငါ့ဘက်ကပါရမယ်။
တစ်နှစ်
နှစ်နှစ်
လေးငါးနှစ်
အရွယ်တွေကစကားပြောလာကြ
လွယ်အိပ်ကိုယ်စီလွယ်ကြ
မေ့မရအတိတ်တွေကလွမ်းဧကရီ
ထွန်းမော်လည်းဟိုအဝေးဆီ
ကျော်မောင်လည်းလယ်တောဆင်းလို့
မိအေးကကလေးရှေ့မှာမြေဖြူကိုင်
မိတာ ခမျာအကြော်ဗန်းလေးရွက်ပြီး
ဘဝအတွက်သင်ခန်းစာတွေကျက်နေလေရဲ့
မတူကွဲပြားဘဝတွေ
မတူကွဲပြားစိတ်ဓာတ်တွေ
လိုရာအရောင်ချယ်လာကြ
ဘယ်မှာလဲ
ဘယ်ဆီမှာလဲ
ဖြူစင်ရိုးသားတဲ့ဘဝတွေ
သီအိုရီပြတိုက်ဒေါင့်နားလေးမှာ
တိတ်ဆိတ်ငြိမ်သက်လို့။ ။
ဇွဲမာန်(အင်းဝ)
၀၁၃၀၆၀၁၄
- Get link
- X
- Other Apps

Comments
Post a Comment