ဘဝ ၂၃။

ဘဝ ၂၃။

ဘဝနှင့်ခံစားချက်ထက်တူမကျတဲ့နောက်
ဘာကိုရွေးချယ်လိုက်ရမလဲ
ဘဝလား
ခံစားချက်လား
သေချာတာတစ်ခုက
ငိုနေရပြီ ။

အတိတ်ဖြစ်ရက်ပုံရိပ်တွေကို
လှော်တက်ထိပ်မှာမွေးမြူရင်း
မုန်တိုင်းမလာခင်
ဘဝသစ်ကိုရွေးချယ်လိုက်ကြတာပေါ့။

ခရီးအစနဲ့အဆုံးမှာ
ရှင်ခြင်းနဲ့သေခြင်းက
ခေါင်းခြင်းဆိုင်ကွပ်ကဲလို့
မြူမှုန်ဆိုင်းနေတဲ့ဘဝတွေရိုက်ချိုးခံလိုက်ရရှာပေါ့။

အဖေကြီးရေ
အမေကြီးရေ
အကိုကြီးရေ
အမကြီးရေ
ညီလေးရေ
ညီမလေးရေ
လသာသာ လမသာသာ
ဗိုင်းငင်လိုက်ကြရအောင်
အနာဂတ်မှာတောက်ပဖို့အတွက်
အနာဂတ်မှာအေးချမ်းဖို့အတွက်
အနာဂတ်မှာငြိမ်းချမ်းဖို့အတွက်
ဘဝတွေအဖြူအစိမ်းလိုအပ်နေပါပြီ။ ။

ဇွဲမာန်(အင်းဝ)
၀၃၀၆၀၁၄

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ