ဘဝ ၂၂။

ဘဝ ၂၂။

အိပ်မောကျသွားတဲ့နေ့တွေမှာ
ဘဝတွေကိုရိုက်ချိုးခံခဲ့ရ။

အပျံသင်ခါစချိုးငှက်တွေကို
လည်လိမ်ချိုးနေမှတော့
ဒီခရီးကိုဘယ်သူတွေကဦးဆောင်ပေးမှာလဲ
ကဗျာဆရာတွေကလား
စာပေဆရာတွေကလား
နိုင်ငံရေးဆရာတွေတော့မပြောလိုဘူး။

သူသိရှင်သိငှက်တွေကိုတော့
မသိမသာအချိုသက်
လှောင်အိမ်ဘုံစခန်းမှာအနားယူခိုင်းနေသတဲ့။

ငဘတို့အုပ်စုလည်းလယ်ထဲမဆင်းတော့နဲ့
နင်းပြားတိုအုပ်စုလည်းဝမ်းစာမရှာတော့နဲ့
သေနတ်တွေမိုးပေါ်ထောင်ဖောက်လို့
မှန်ကုန်ပြီးသေနေလိမ့်မယ်။

ငဘလည်းသေနတ်ကိုင်
နင်းပြားလည်းသေနတ်ကိုင်
တစ် နှစ် သုံးလို့တိုင်သံကြားရင်
ပစ်သာပစ်
တည်ချိုးငှက်တွေသေနေတာတွေ့ရလိမ့်မယ်
ဝမ်းမနည်းကြနဲ့ဟေ့
ဒါတွေကငြိမ်းချမ်းခြင်းချိုးငှက်အစစ်တွေမဟုတ်ဘူး
အသွင်တူယူထားတဲ့အတုယောင်တွေ။

တိုက်ပွဲကားပြီးဆုံးပြီ
ငဘလည်းငဘ
နင်းပြားနင်းပြား
ပုံပြင်တွေမပြောင်လဲသေးဘူး
မေမေ
သမီးအိပ်ချင်ပြီ။ ။

ဇွဲမာန်(အင်းဝ)
၀၂၀၆၀၁၄

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ