.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Monday, September 8, 2014

အကောင်းဆုံးလက်ဆောင်

အကောင်းဆုံးလက်ဆောင်

ကုန်ဆုံးသွားတဲ့နေ့ရက်တွေ
ကုန်ဆုံးသွားတဲ့အချိန်တွေ
ကျော်ဖြတ်ခဲ့ရတဲ့ဘဝတွေ
ရေတွက်လို့မရ
အောင်မြင်ရှင်သန်တဲ့မျိုးစေ့ဖြစ်ခဲ့ပါရဲ့လား
မသေချားခြင်းများစွာနဲ့
ဘဝတွေကိုအလေလိုက်မိခဲ့
ဖုံလွှမ်းခဲ့တဲ့မောဟတရားက
သံသရာပင်လယ်ထဲမှာ
တဝဲလည်အောင်ထားရစ်စေခဲ့တယ်၊
ကုန်ဆုံးမှုမပြုသေးတဲ့ဘဝမီးအိမ်လေး
ဆီဖြည့်ပေးထားပါ
မုန်တိုင်းတွေကခဏခဏတိုက်ခက်ပြီး
မမြင်ရတဲ့သေမင်းက
အချိန်မရွေးဖိတ်စာပို့တက်တယ်၊
ငြင်းဆိုခွင့်မရှိသလိုတားမြစ်ခွင့်မရဘူး
လက်ဗလာချည်းသက်သက်သွားမလား
အကူပစ္စည်းလေးနဲ့သွားမလား
သေမင်းကိုမျက်နှာလုပ်ဖို့
ကုသိုလ်တွေကိုလက်ဆောင်အဖြစ်ယူသွားပါ
နေရာကောင်းတစ်ခုတော့ရပါလိမ့်မယ်။  ။

ဇွဲမာန်(အင်းဝ)
၀၉၀၉၀၁၄

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4