အတိတ်တွေအရောင်တင်ဖို့ကိုယ့်ကိုယ်ကိုဆေးချယ်ခြင်း
မပြီးဆုံးသေးတဲ့ဘဝတွေမှာ
အတိတ်တွေကိုအရောင်တင်နိုင်ဖို့
ပစ္စုပ္ပန်မှာဆေးချယ်နေရတယ်
ကြိုက်၏/မကြိုက်၏
လှ၏/မလှ၏
ခံစားသူရဲ့နှလုံးသားနဲ့သက်ဆိုင်နေတယ်
ရွေချယ်လိုက်တဲ့အရောင်ကအဖြူဆိုပေမယ့်
တကယ်ချယ်မိလိုက်တာတွေက
အမဲရောင်တွေချည်း
ပြန်ဖျက်ဖို့လုပ်နေရင်းနဲ့
ထွန်းထားတဲ့ဆီမီးတိုင်လေးငြိမ်းခဲ့ရပြီ
မမြင်ရတော့ဘူး
ဘာမှမမြင်ရတော့ဘူး
အမဲရောင်တွေချည်းမြင်နေရတယ်
အလင်းရောင်လာမည့်အချိန်စောင့်ရုံကလွဲလို့
ဘာများတက်နိုင်အုံးမှာတဲ့လဲ
ငါ့မှာအလင်းရောင်ဝယ်ဖို့
ငွေမရှိဘူး
ဂုဏ်မရှိဘူး
မာန်မာနတွေမရှိဘူး
ရှိနေတဲ့စာရိတ္တတွေကြသူတို့ကမယုံကြည်ပြန်တော့
အမဲရောင်လောကထဲရောက်နေမိတာ
အဆန်းလား
အရောင်မရှိတော့တဲ့အတိတ်
အရောင်မှားချယ်မိတဲ့ပစ္စုပ္ပန်
အရောင်မချယ်ရသေးတဲ့အနာဂတ်တွေအတွက်
အဖြူရောင်ချည်းပဲချယ်နိုင်ဖို့
ကိုယ့်ကိုယ်ကိုဆေးချယ်နေတယ်ဆိုတာပါပဲ။ ။
ဇွဲမာန်(အင်းဝ)
၀၁၀၉၀၁၄
No comments:
Post a Comment