.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Sunday, September 7, 2014

မနက်ခင်းလေး

မနက်ခင်းလေး

မနက်ခင်းလေးမင်းလှနေလိုက်တာ
မြင်ရသူရင်မှာအေးမြလို့ပေါ့
ကျေးငှက်အပေါင်းတို့လည်းပျော်မြူးလေနေရဲ့
ပန်းပေါင်းစုံလည်းလန်းဆန်းမွှေးပျံ့နေလေရဲ့
ချစ်သူစုံတွဲတို့လည်းတစ်ယောက်ကိုတစ်ယောက်
ကြင်နာယုယကြကုန်ပြီ
တီတီတာတာစကားလေးတွေဆိုကြကုန်ပြီ
အိပ်စက်အနားယူခဲ့ရတဲ့အမေ့မီးဖိုချောင်လေး
မီးခိုးတလူလူနဲ့အသက်ဝင်လို့ပေါ့
ဖေကြီးရဲ့မေတ္တာပို့သံက
သာယာကြည်နူးလိုက်လိုက်တာ
မျက်လွှာကိုလေးကိုချတန်းစီကြွနေတဲ့
သံဃာတော်တွေဆွမ်းခံပုံရိပ်လေး
ကြည်ညိုမှုများစွာနဲ့ပေါ့
မနက်ခင်းလေး
မင်းအစပြုလိုက်တဲ့ဘဝရဲ့စာမျက်နှာ
ရှင်ခြင်းနဲ့သေခြင်းကိုတွဲကနေကြပြီ
မနက်ခင်းလေး
အေးချမ်းမှုတွေများများပေးပါ
ငြိမ်းချမ်းမှုတွေများများပေးပါ
ဘဝတွေကပူလောင်နေသးလို့။  ။

ဇွဲမာန်(အင်းဝ)
၀၂၀၀၈၀၁၄

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4