သံသရာတံတား

သံသရာတံတား

ရှင်သန်ခြင်းအဓိပ္ပါယ်ထဲမှာ
ဘဝတစ်ခုကအဓိကပါနေတော့
အဓိပ္ပါယ်ရှိအောင်ရေခြားမြေခြား
သွားလိုကသွားရ
တောင်ကုန်းမြေကုန်းကျော်ဖြတ်လိုက
ကျော်ဖြတ်ရ
ရှင်ခြင်းနဲ့သေခြင်းကြားမှာ
ဘဝအတွက်
သံသရာအတွက်
ကူးမြောက်ဖို့သံသရာတံတားတစ်စင်းတစ်ခုတော့
ဆောက်ထားဖို့လိုအပ်နေတယ်
ခိုင်မာသောတံတားဖြစ်ဖို့အတွက်
လိုအပ်သောကုသိုလ်တွေရအောင်
ကြိုးစားအားထုတ်ရမယ်
အချိန်ကအတိုင်းတာတစ်ခုအတွက်
တိုလွန်းနေတယ်ဆိုတာသိစေဖို့
သတိလေးကပ်နေသင့်ပြီး
ရိက္ခာတွေစုဆောင်းသင့်တယ်
သံသရာမြစ်ဧရာကကျယ်ပြန့်နေလေတော့
တဝဲလည်လည်နဲ့မထွက်နိုင်ကြသေးဘူး
မက်မောတွယ်တာစရာတွေက
အမျိုးစုံအဖုံဖုံ
လိုချင်စရာတွေက
အမျိုးစုံအဖုံဖုံ
အနှောင့်ယှက်တွေက
အမျိုးစုံအဖုံ
လွယ်လွယ်နဲ့ကူးမြောက်ဖို့ဆိုတာမဖြစ်နိုင်သေးဘူး
ရလာတဲ့ဘဝ
ရရှိတဲ့ခန္ဓာအသုံးချပြီး
ကိုးကွယ်ရာရတနာသုံးပါးကို
ဆည်းပူးနေမှ
လိုချင်တဲ့သံသရာတံတားပြီးမြောက်နေလိမ့်မယ်။ ။

ဇွဲမာန်(အင်းဝ)
၀၁၀၉၀၁၄

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ