.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Sunday, September 7, 2014

ညီမလေးသို့

ညီမလေးသို့

ပျော်ရွှင်ပါစေညီမလေး
အကိုက
အမှားမလုပ်မိပါဘဲလျှက်
ချွေချခံရရုံသက်သက်ပွင့်လာတဲ့
ပန်းကလေးပါညီမလေး၊
ပန်းကလေးတွေကိုချစ်တက်ခဲ့ပေမယ့်
တစ်ချိန်တစ်ခါမှမနမ်းရှိုက်ခဲ့ပါဘူး
ဥယျာဉ်မှူးအဖြစ်နဲ့သာ
အဝေးကနေကြည့်နေခဲ့တာပါ
အကိုပျိုးခဲ့တဲ့ပန်းကလေးသိခဲ့ရင်
ညိုးနွမ်းသွားမှာစိုးရိမ်လို့ပါညီမလေး၊
ထားရှိခဲ့တဲ့မေတ္တာတရားတွေက
နက်နက်ရှိုင်းရှိုင်းဆိုပေမယ့်
မဲညစ်တဲ့မေတ္တာတွေမပါရှိခဲ့ပါဘူး
အားလုံးကအဖြူရောင်သက်သက်ပါပဲ၊
ဘာကြောင့်ဆိုတာမသိပေမယ့်
အကြောင်းပြချက်တစ်စုံတရာရှိနေမှာပါ
နားလည်ခွင့်လွတ်ပေးပါတယ်ညီမလေး
အကိုယ့်ပါးပြင်ကိုခိုးနမ်းသွားတဲ့
မျက်ရည်စက်တွေကိုတော့
မတားဆီးနိုင်တာနားလည်ပေးပါညီမလေး၊
ညီမလေးဘဝပျော်ရွှင်ပါစေ
တောင်းဆိုခွင့်မရှိတော့တဲ့နေရာမှာ
မတောင်းဆိုတော့ပါဘူး
နေသားကျနေပါပြီညီမလေးရယ်ဆိုတဲ့
မုသားစကားကိုပဲထက်ခါထက်ခါပြောလိုက်ပါ့မယ်
တကယ်တော့
အကိုယ့်ဘဝက
လရောင်မသန်းတော့တဲ့ညတွေကို
အဖော်လုပ်နေခဲ့ရတာကြာနေပါပြီ
ညီမလေးရယ်။              ။

ဇွဲမာန်(အင်းဝ)
၀၃၀၉၀၁၄ 
AM=1း02

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4