.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Monday, December 15, 2014

ရန်ကုန် ၁

ရန်ကုန် ၁

ခင်ဗျားတော့မသိဘူး
ကျုပ်တော့အရှိန်သက်ထားတဲ့
စက်သံတွေကြောင့်ရင်ခုန်ရပြီ
ရန်ကုန်ကိုအရှင်လက်လက်တွေ့ရမှာကိုး
ဟော
ပြောရင်းဆိုရင်းဆူဆူညံညံအသံတွေက
ကျုပ်ကိုရန်စနေပါပြီ
ခင်ဗျားလားရန်ကုန်
ကျုပ်တော့လိမ်ညာခံလိုက်ရပြီ
ကောင်းလိုက်တဲ့လမ်းတွေ
ငြိမ်သက်နေတဲ့မြို့
ရှင်းနေတဲ့ကားတွေကြောင့်
ကျုပ်ချစ်သူဆီဖုန်းပြောလိုက်ရတာ
ပျော်လို့ရွှင်လို့ပါပဲ
ချစ်သူအသံလေးကြားရတာလည်း
ကြည်ကြည်လင်လင်နဲ့ချိုသာလိုက်တာ
ခင်ဗျာကိုတော့ချစ်သွားပြီ
ဒါပေမယ့်
အဲဒါလိမ်ညာမှုကြီးဗျ
ကျုပ်ဖြစ်ချင်တာကိုပြောတာပါ
ခုတော့
အားလုံးဟာမမှန်ကန်လုပ်ရက်တွေနဲ့
မသမာသူတွေသိမ်းသွင်းခြင်းခံထားရတဲ့မြို့ဟာ
ခင်ဗျားရန်ကုန်ပါပဲ။   ။

ဇွဲမာန်(အင်းဝ)
022011014

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4