.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Monday, December 15, 2014

ရန်ကုန် ၆


ရန်ကုန် ၆

ဒီနေ့ဟာ
ရာသီတွေကိုခဏရွေ့ထားမိတယ်
ခြောက်သွေ့ရာသီထဲများရောက်နေဘိလား
အရာအားလုံးဟာတိတ်ဆိတ်နေမိတယ်
နေ့လားညလားခွဲမရတော့သလို
ရှုပ်ရှုပ်ခက်နေတဲ့ရန်ကုန်လမ်းမပေါ်
ဥဒဟိုလှုပ်ရှားနေကြရတာ
ဘဝအတွက်လား
ပျက်စီးနေတဲ့လမ်းမတွေက
အထီးကျန်ဘိသလို
တိတ်ဆိတ်နေခဲ့တဲ့နေရာတွေက
တမ်းတနေဘိသလို
ရန်ကုန်
ငါတို့လည်းတောင်းတနေကြရပြီ
မကြာခင်
ပျော်ရွှင်ရပါတော့
မကြာခင်
အေးချမ်းပါရစေတော့
မကြာခင်
ပြည့်စုံရပါစေတော့
ခုတော့
ညဥ့်နက်နေကြပြီ
ဘဝပေါင်းများစွာ။ ။

ဇွဲမာန်(အင်းဝ)
၀၂၇၀၁၁၀၁၄

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4