.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Monday, December 15, 2014

အလွမ်းမြို့

အလွမ်းမြို့

မဖိတ်ခေါ်မိဘဲရောက်ဖြစ်ခဲ့တာတော့မဆန်းဘူး
ရောက်ဖြစ်လိုက်တဲ့နေရာလေးတွေမှာ
အလွမ်းသင်္ကေတတွေချန်ထားရစ်ခဲ့တာတော့
ဆန်းသွားပြီ
တိုက်ဆိုင်လို့ပဲပြောချင်ပြော
တွေ့ဆုံတယ်လို့ပဲဆိုချင်ဆို
သူ့ပုံရိပ်သူ့အမူအရာတွေက
ငါ့ကိုလွမ်းစေရပြီ
တကယ်ဆိုရင်
လွတ်လပ်ခြင်းတွေနဲ့ပေါင်းစည်းထားလေတော့
သစ်ရွက်ကလေးတွေကြွေတာကအစ
ကဗျာဆရာတွေအသက်သွင်းထားကြတော
မဆန်းတော့ဘူး
ငါရောက်ချင်တဲ့နေရာ
ငါရှိနေသင့်တဲ့နေရာတစ်ခုကို
အလွမ်းသယံဇာတတွေလွမ်းခြုံထားပြီး
ကဗျာဆရာတွေကသိမ်းပိုက်ထားကြတဲ့မြို့ဟာ
ငါ့အတွက်
အလွမ်းမြို့ဖြစ်ရုံကလွဲလို့။       ။

ဇွဲမာန်(အင်းဝ)
၀၆၀၁၂၀၁၄

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4