.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Monday, December 15, 2014

ရန်ကုန် ၂

ရန်ကုန် ၂

အေးဗျ
ကျုပ်တော့ရန်ကုန်ရောက်ပြီ
ချိုသာသောအနုရွတို့နဲ့
ဟုတ်သော်ရှိ/မဟုတ်သော်ရှိ
ပြောလိုက်ကြတဲ့စကားတွေ
ပေးလိုက်ကြတဲ့ကတိတွေက
ကောက်ကွေ့စွာစီးဆင်နေသော
မြစ်ဧရာတစ်စင်းလား
မာယာတွေကများလှပါဘိနဲ့
ကျုပ်တော့အတွေ့ကြုံရခဲ့ပါပြီ
တောသားလေးမြို့ရောက်တော့
အထူးအဆန်းပေါ့ဗျာ
ဟိုကြည့်ဒီကြည့်
မြင်မြင်သမျှ
ကြားကြားသမျှ
အသစ်ဆန်းအသွင်ဆန်းဆိုတော့
မြို့ကြီးတွေကိုအထင်ကြီးမိပါရဲ့
ဒါပေမယ့်
တောကမြို့ဖြစ် မြို့ကတောဖြစ်ရောက်နေတော့
ဟိုလူကြီး
ကျုပ်တို့ကိုညာနေပြီ။   ။

ဇွဲမာန်(အင်းဝ)
၀၂၃၀၁၁၀၁၄

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4