.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Monday, December 15, 2014

ရန်ကုန် ၅

ရန်ကုန် ၅

ဗျို့ရန်ကုန်
ဒီနေ့တော့တော်တော်စုံနေခဲ့ပြီ
အချောအလှတွေလည်းပေါ
သဘောကျစရာတွေလည်းပေါ
ဟုတ်တုတ်တုတ်ပါပဲ
ခက်တော့ခက်နေသေးတယ်
ဟုတ်သော်ရှိ/မဟုတ်သော်ရှိ
ယုံသော်ရှိ/မယုံသော်ရှိ
ရန်ကုန်ကရန်ကုန်ပဲ
နိုင်ငံခြားမဟုတ်သေးဘူး
ဒါသတိထားစရာ
အတုယောင်တွေအတုတွေနဲ့
ရန်ကုန်
ခင်ဗျားကိုအားနာမိပါရဲ့ဗျာ
သူ့တို့ကအကျင့်မကောင်းဘူး
ရုပ်ဆိုးဆိုးနဲ့မိတ်ကပ်တွေလိမ်းထားသေးတယ်
အကျည်းတန်နေပြီဗျ
အင်း
ခက်နေတော့တာပဲ
အားလုံးဟာရန်တွေမကုန်ဘဲ
ရန်ကုန်မှာ
ရန်တွေမကင်းဘဲရန်ကင်းမှာ
မထသကိုပဲတိုးစီးနေရတုန်းပေါ့။  ။

ဇွဲမာန်(အင်းဝ)
၀၂၆၀၁၁၀၁၄

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4