ဆေးရုံတွင်းမှဆုတောင်းသံ
အချိန်တွေသာရွေ့လို့ရခဲ့ရင်
ဒီအချိန်တွေကျော်ပစ်လိုက်ချင်မိတယ်
မမြင်ရတဲ့ကံကြမ္မာကငါ့မိသားစုဆီ
အလည်လာခဲ့တာလား၊
အရာရာလုပ်ကိုင်ပေးနေတဲ့လက်ကိုမှ
ထုချေပစ်လိုက်ရတယ်လို့
စိတ်ဆင်းရဲခြင်းသောကဝေဒနာတွေနဲ့
ငါတို့မိသားစုလေးပူပန်နေရပြီ
ပြေခြင်းမပြေခြင်းကအစထား
မွေးဖွားခြင်းကလိုအသစ်ပြန်မဖြစ်မိတော့
စိတ်မကောင်းခြင်းများစွာနဲ့ရင်ဆိုင်ရတော့မယ်
ဘာပဲဖြစ်ဖြစ်ငါတို့အားရှိနေပါမှ
ဒုက္ခဝေဒနာတွေကိုကျော်ဖြတ်နိုင်မယ်
သူ့အတွက်
ငါ့အတွက်
ငါ့မိသားစုအတွက်
တန်ဘိုးရှိတဲ့အချိန်နဲ့အဆင်ပြေခြင်းများစွာကို
တောင်းတဆုတောင်းနေရုံကလွဲလို့
ကောင်းခြင်းမင်္ဂလာကံကြမ္မာကိုပဲ
ပြန်လည်စောင့်နေရုံပေါ့။ ။
ဇွဲမာန်(အင်းဝ)
၀၁၀၂၀၁၅-10:03PM
အမခွဲစိတ်ခန်းဝင်ခြင်းပူပန်မှုမှ-
No comments:
Post a Comment