ပြည်သူ့ချစ်တော် တို့ဗိုလ်ချုပ်

ပြည်သူ့ချစ်တော် တို့ဗိုလ်ချုပ်

အရုဏ်လင်းလို့ နိုးထလျှင်
အသိပေး၍ နိုးဆော်ချင်
အာရှတစ်ခွင်သူ့စွမ်းအား
ကမ္ဘ္ဘာသိ၍သူ့လေးစား
မည်သူလားဟေ့စဉ်းစားစဉ်
တို့ဗိုလ်ချုပ်အောင်ဆန်းပင်
ချွတ်ချွတ်ညံလို့သူကြိုးစား
မြန်မာပြည်ရဲ့ဇာနည်ဘွား
လေးစားထိုက်မို့သူ့ရာဇဝင်
မမေ့အပ်ဖို့မှတ်စေချင်
ဇာတိပင်နတ်မောက်သား
မကွေခရိုင်တဲ့ဗျာ့၊
ဗိုလ်ချုပ်မွေးဖွားနေ့အခါ
ဖေဖော်ဝါရီဆယ့်သုံးမှာ
တစ်ထောင်ကိုးရာလေးဆယ့်ငါး
ရှေ့နေဦးဖာဒေါ်စုသား
နာမည်မှတ်သားမော်ကွန်းတင်
ဇာတာခွင်ရဲ့ထိန်လင်းပင်
သမိုင်းတခွင်ထင်ပေါ်ကြား
အောင်ဆန်းဇာနည်ဘွား
နိုးကြားကြိုးစားသူ့စိတ်မှာ
အမြဲယှဉ်လေရာ
ဖြူစင်လှစွာသူ့စိတ်၏
ရိုးသားလှပါဘိ
တိုင်းသိပြည်သိသူနိုးဆော်
လွတ်လပ်ရေးရဲ့တရားတော်
ပြည်သူပေါ်မေတ္တာထား
ပြည်မြန်မာကြီးအေးစေသား
အဓိဋ္ဌာန်ထား၍တိုက်ပွဲဝင်
ဗိုလ်ချုပ်တို့ဖခင်
စိတ်ကောင်းထား၍အလုပ် လုပ်
ပြည်သူ့အချစ်တော်တို့ဗိုလ်ချုပ်
။  ။  

ဇွဲမာန်(အင်းဝ)
၂၀၁၅ ဖေဖော်ဝါရီ ၁၃

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အမှတ်တရ

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ