ဘဝ ၄၆။

ဘဝ ၄၆။

လာညီမလေး
ဟိုနားကမဏ္ဍပ်မှာတော်တော်စည်တယ်
ငါတို့တနပ်စာတော့ရလောက်တယ်
ညီမလေးဗိုက်ဆာနေပီလား
ခဏသီးခံလိုက်အုံးနော်
သင်္ကြန်ကအကြိုဆိုတော့
ထင်သလောက်ရေသန့်ဗူးခွံကမရသေးဘူး
အဖေနဲ့အမေကမျှော်နေမယ်ဟုတ်လားညီမလေး
အေးပါကွာ
တနေ့စာလောက်ရရင်ပြန်မှာပါ
ဘာ  ညီမလေးရေကစားချင်လို့ဟုတ်လား
ရော့ ညီမလေး
အကိုဟိုနားကကောက်ထားတဲ့ရေသေနပ်လေး
ခလုပ်ကတော့မကောင်းတော့ဘူး
ဒါပေမယ့်ပတ်လို့ရပါသေးတယ်
မငိုပါနဲ့ ညီမလေးရယ်
ရွေးကောက်ပွဲကြီးနီလာပြီ
အကိုတို့သူဋ္ဌေးဖြစ်တော့မှာကွ
ဟာ ညီမလေး
ဟိုမှာ  ရေသန့်ဗူးတွေ. . . . . . . ။        ။

ဇွဲမာန်(အင်းဝ)
၀၁၃၀၄၀၁၅

Comments

Popular posts from this blog

အလွမ်းမြို့

ညီမလေးသတိထားပါနော်