.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Wednesday, April 15, 2015

မင်္ဂလာပါ နှစ်သစ်


မင်္ဂလာပါ နှစ်သစ်

အဟောင်းတရားတွေနှင့်
အချိန်ကြာမြင့်စွာပေါင်းဖက်ခဲ့ရပြီ
ပြောင်းလဲခြင်းတရားတွေနောက်
ကိုယ်စီကိုယ်စီပြောင်းလဲလို့
သေမင်းရဲ့ရက်ချိန်းတစ်နှစ်ကုန်သွားပြီ
နီးနီးလာတဲ့တရားသေခြင်းတရား
ဝေးဝေးနေတဲ့နိဗ္ဗာန်
ဘယ်လိုပုံစံတွေနဲ့ရင်ဆိုင်ရအုံးမလဲမသိ
အိုခြင်း နာခြင်း သေခြင်းတွေရဲ့ဆုံမှတ်မှာ
ပြောင်းလဲစွာပြောင်းလဲလို့
အသစ်ကအဟောင်း
အဟောင်းကအသစ်
သံသရာဝဲဃယက်မှာဆုံလည်နေကြရ
ဒုက္ခတွေကိုသုခ
သုခတွေကိုဒုက္ခလို့စိတ်ကမှတ်နေသမျှ
ငါ့တို့ရဲ့သံသရာရှည်နေအုံးမှာပဲ
အော်. . .ဘဝ ဘဝ ဘဝပါလေ
ခုတော့
ကောင်းခြင်းတွေဝေစေ
ကောင်းကျိုးတွေပြည့်စေ
ကြောင်းကျိုးတွေညီစေဖို့ရာအတွက်
နှစ်သစ်ကိုနှုတ်ခွန်းဆက်
မင်္ဂလာအချိန်းချက်နဲ့ညီစေသောဝ်. ..။ ။

ဇွဲမာန်(အင်းဝ)
16.4.2015

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4