.

ဒီဇိုင်း

အနုပညာပန်းခင်း သို့လာရောက်ကြသောမိတ်ဆွေအပေါင်းတို့အားပျော်ရွှင်ကြပါစေ

Friday, May 1, 2015

လမင်းကြီးကိုတိုင်တည်ခြင်း

လမင်းကြီးကိုတိုင်တည်ခြင်း

လမင်းကြီးကသာသာယာယာဖြစ်ပေမယ့်
မသာယာတဲ့ညမှာတော့
ဘဝကမှောင်တိုက်ထဲမှာ
အတူတူပျော်မယ်ဆိုတဲ့စိတ်
စိတ်ကူးကမ္ဘာထဲတောင်အဝင်မခံလေတော့
လမင်းကြီးရယ်
ကျေးဇူးတင်လိုက်တာ
ငါရှိတဲ့ညမှာဘဝကမှောင်မိုက်ပေမယ့်
သူရှိတဲ့နေရာလင်းစေမယ်ဆိုရင်
ကျေနပ်ခြင်းများစွာကျေနပ်လိုက်ပါပြီ
လမင်းကြီး
သူနဲ့ငါ
တူနှစ်ကိုယ်သစ္စာတည်ထားလိုက်ပုံလေးက
ဘယ်တော့မှမခွဲကြေးတဲ့
ခုတော့
သူရှိတဲ့နေရာငါမရှိ
ငါရှိတဲ့နေရာသူမရှိ
ညတစ်ညရဲ့ဆုံမှတ်ခြင်းကတော့
တူညီစွာရှိကောင်းပါရဲ့
ဒါပေမယ့် လမင်းကြီး
ငါတို့နှစ်ယောက်ရဲ့ဖြတ်သန်းမှုညတွေမှာ
အလွမ်းတွေနဲ့မအိပ်စက်ပါရစေနဲ့တော့
လမင်းကြီးသက်သေတိုင်တည်လိုက်မယ်
သူ
အမြန်ဆုံးပြန်လာပါစေ။   ။

ဇွဲမာန်(အင်းဝ)
၀၁၀၅၀၁၅

No comments:

Post a Comment

ကြည့်ရှု့ရန်

1 2 3 4