ညနေစောင်းတော့အိမ်ပြန်ချင်တယ်မေမေ

ညနေစောင်းတော့အိမ်ပြန်ချင်တယ်မေမေ

တိုက်ခန်းကြီးထဲမှာတနေကုန်လို့
ရုန်းထွက်လို့မရတဲ့နေ့စွဲများ
မြူမှုန်တွေတက်နေတဲ့ပရိဘောဂတွေ
ပြောင်လက်နေခဲ့ပါပြီ
အရောင်အဆင်းတွေကြားညစ်ထေးနေပြီး
ခေါင်းစဉ်မရှိသောအညစ်ကြေးတွေ
ဖြူစင်နေခဲ့ပါပြီ
ဇိမ်ကျကျကားကောင်းထဲမှာ
နာမည်ကြီးရေမွှေးတွေနဲ့ထုံမွမ်းလို့
စုံစုံလင်လင်ဆွဲခြင်းတွေ
သယ်ယူနိုင်ခဲ့ပါပြီ
လင်းလက်နေတဲ့မီးရောင်စုံတွေ
အခန်းကျင်းထဲမှာဖြာကျလို့
ကုန်ဆုံးသွားတဲ့ညတွေ
အိပ်တက်ခဲ့ပါပြီ
ဒါပေမယ့်မေမေရယ်
ပြောင်လက်မသွားတဲ့သမီးဘဝက
ညစ်ပီးရင်းညစ်ခဲ့ရပါပြီ
ဖြူစင်မသွားတဲ့သမီးဘဝက
မဲပြီးရင်းမဲညစ်နေခဲ့ရပါပြီ
ဇိမ်ကျကျမသွားရရင်နေပါ
မေမေလက်ကိုဆွဲပြီးကမ္ဘာပတ်ချင်ခဲ့တာပါ
ဖြာကျနေတဲ့မီးရောင်စုံတွေအောက်
မနေချင်တော့ဘူးပူတယ်မေမေ
အေးမြတဲ့ကြယ်ရောင်စုံအောက်ပဲနေချင်တော့တယ်မေမေ
ညနေစောင်းရောက်တိုင်း
အိမ်ရှေ့ကကုတင်လေးပေါ်ထိုင်ပြီး
ပုံပြင်တွေပြောပြတက်တဲ့ဘဘကြီးကို
လွမ်းတယ်မေမေ
တီတီတာတာမေးတက်တဲ့ညီမလေးကို
လွမ်တယ်မေမေ
အိပ်ငိုက်တက်တဲ့မောင်လေးကို
လွမ်းတယ်မေမေ
မေမေ
ဘဝရဲ့အသုံးတော်ခံသမီးတော်လှန်ဖို့
ညနေစောင်းတော့အိမ်ပြန်ချင်တယ်မေမေ။         ။

ဇွဲမာန်(အင်းဝ)
၀၈၀၅၀၁၅

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ