မြန်မာ နိုင်တယ်

မြန်မာ နိုင်တယ်

ရွှေမရပေမယ့်
ရွှေထက်တန်ဘိုးရှိတဲ့စိတ်ဓာတ်တွေ
ရလိုက်တယ်
ဖလားမရလိုက်ပေမယ့်
ဖလားထက်တန်ဘိုးရှိတဲ့စည်းလုံးခြင်းတွေ
ရလိုက်တယ်
ပျော်ရွှင်မှုတွေမရလိုက်ပေမယ့်
ဖြူစင်သန့်ရှင်းတဲ့နှလုံးသားတွေ
ရလိုက်တယ်
မင်းတို့အားလုံးတာဝန်ကျေသလို
ပြည်သူအားလုံးတာဝန်ကျေပါတယ်
ဘာပဲဖြစ်ဖြစ်
မြန်မာ နိုင်တယ်
အဘိုးလည်း မြန်မာဖြစ်ခဲ့တယ်
အဘွားလည်း မြန်မာဖြစ်ခဲ့တယ်
ဖေဖေလည်း မြန်မာဖြစ်ခဲ့တယ်
မေမေလည်း မြန်မာဖြစ်ခဲ့တယ်
သားသားလည်း မြန်မာ
မီးမီးလည်း မြန်မာ
မြန်မာဟာ မြန်မာပါပဲ
ဘာသာတွေဘေးဖယ်
အသားရောင်တွေဘေးကွယ်
တူညီစွယ်ရှင်ထား
မြန်မာဟာ မြန်မာအားမို့
ကမ္ဘာတစ်တလွှားထင်းရှားမဲ့ကျား။     ။

ဇွဲမာန်(အင်းဝ)
15.6.2015

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ