အဖေဟာ အဖေပါပဲ
အများအမြင်မှာ
လူကြမ်းကြီးဖြစ်ချင်ဖြစ်နေခဲ့မှာ
ကျုပ်အတွက်ကတော့ မင်းသားပဲ၊
အများအမြင်မှာ
ဘာမှအလေးမထားတဲ့သူဖြစ်ချင်ဖြစ်ခဲ့မှာ
ကျုပ်အတွက်တော့ ဂရုစိုက်လွန်းတဲ့သူ၊
အများအမြင်မှာ
နှလုံးသာမရှိတဲ့သူလို့ထင်ချင်ထင်ခဲ့မှာ
ကျုပ်အတွက်တော့ ချစ်အားကြီးတဲ့သူ၊
အများအမြင်မှာ
ဘယ်လိုပဲမြင်နေပါစေ
အများအမြင်မှာ
ဘယ်လိုပဲပြောနေပါစေ
အများအမြင်မှာ
ဘယ်လိုပဲဆက်ဆံပါစေ
ကျုပ်အတွက်တော့. . . . . . .
သူရဲကောင်းတစ်ဦးအဖြစ်နဲ့
နွေးထွေးသောမေတ္တာပိုင်ရှင်
အဖေပါပဲ ။ ။
ဇွဲမာန်(အင်းဝ)
21.6.2015
အဖေနေ့အမှတ်တရ
No comments:
Post a Comment