အာဇာနည်
ရှားမှရှား
လူတိုင်းမဖြစ်
နေရာတိုင်းမရှိ
ဘယ်တော့မှမသေ
သူရဲကောင်းမှသူရဲကောင်းအစစ်
သူတို့ဟာ အာဇာနည်ပဲ
ကမ္ဘာတည်သရွေ့
မြန်မာတည်ရွေ့
ရဲဘော်. . . .
အားလုံး သတိ
အ လေး ပြု ။ ။
ဇွဲမာန်(အင်းဝ)
၀၁၈၀၇၀၁၅
အာဇာနည်နေ့ ဒို့မမေ့
အာ ကာတစ်ခွင်
ကမ္ဗည်းတင်၍
သတ္တိသွေးနီ
အာဇာနည်ဟု
မော်ကွန်းတင်ထား
ပြည်တလွှားဝယ်
ကြွေးကြော်ဖွယ်ကာ
ဦးညွတ်ပါ၏ ။
ဇာ နည်နွယ်ဘွား
အာဂသားတို့
အသက်သွေးဖောက်
ဒူးမထောက်ဘဲ
ဖက်ဆစ်ကျေးကျွန်
မိစ္ဆာလွန်တို့
တော်လှန်တိုက်ထုတ်
အမြစ်ဖြုတ်ခဲ့ ။
နည် (နီ) ရဲသောသွေး
သတ္တိမွေး၍
စည်းလုံးညီညာ
လက်တွဲကာဖြင့်
သမိုင်းသစ်ထွေး
လွတ်လပ်ရေးကို
ကြိုးပမ်းဆွတ်ယူ
အောင်လံထူခဲ့။
နေ့ ရက်တစ်ခု
မှတ်တမ်းပြုတော့
ယိုကျမျက်ရည်
သည်းမဆီအောင်
ဝမ်းနည်းမှုတိုး
ဇူလိုင်တစ်ဆယ့်ကိုးဟု
ရေးထိုးသတ်မှတ်
ကမ္ဗည်းထက်၌
ရေးတင်လိုက်သည်
အာဇာနည်
အာဇာနည်
အာဇာနည်ဟု
လွှမ်းခြုံလိုက်သည်
ပြည်မြန်မာပြည်။ ။
ဇွဲမာန်(အင်းဝ)
၆၈ နှစ်ပြည့် အာဇာနည်နေ့ အမှတ်တရ
အာဇာနည်နေ့ ဒို့မမေ့
………………………….
အာဇာနည်စိတ်ဓာတ်
အာဇာနည်ရဲ့သွေး
အာဇာနည်ရဲ့သတ္တိတွေရဲ့ဖော်ဆောင်မှု
သမိုင်းရဲ့စာမျက်နှာတွေမှာ
နီရဲနေတဲ့သွေးစက်တွေ
စိုရွဲနေတဲ့ချွေးစက်တွေ
ရောပြွမ်းလို့နေခဲ့ပြီ…..၊
သမိုင်းကနေတကျော့ပြန်
နီရဲနေတဲ့သွေးစက်
စိုရွဲနေတဲ့ချွေးစက်
ငါကိုယ်တိုင်ချေဖျက်ရမှာလား
မင်းရောချေဖျက်မှာတဲ့လား
ဘယ်သူဖျက်ဖျက်ငါမဖျက်
ဘယ်သူဖျက်ဖျက်ငါမဖျက်
ဘယ်သူဖျက်ဖျက်ငါမဖျက်
သမိုင်းတစ်ခေတ်ရဲ့အာဇာနည်
ပုံဖော်မည်……..
ဂုဏ်ဆောင်မည်
ဒို့တိုင်းပြည်ရဲ့အာဇာနည်
ဒို့တိုင်းပြည်ရဲ့အာဇာနည်
ဘယ်ပုံဘယ်နည်းဖြင့်ငါမမေ့ပြီ……။
ဇွဲမာန်(အင်းဝ)
No comments:
Post a Comment