ယနေ့ ဥပုသ်နေ့

ယနေ့ ဥပုသ်နေ့

ဘဝတစ်ခုကိုသန့်ဇင်ဖို့ရာ
နေ့တစ်နေ့ကိုသတ်မှတ်ထားလိုက်တယ်
မကောင်းခြင်းတွေဖယ်ရှားလို့
အကောင်းလုပ်
အကောင်းပြော
အကောင်းကြံ
သန့်သန့်မြတ်မြတ်တန်ဘိုးထားလိုက်တယ်
စီးဆင်းရာပုံရိပ်တွေထဲက
မြင့်မြတ်မှုတွေကိုရွေးထုတ်လာပြီး
သူသူငှါငှါရိုသေဂါရဝပြုထားလိုက်ခြင်းက
ယနေ့ မြတ်မြတ်မှုတည်ဆောက်ရာ
ဥပုသ်နေ့ တဲ့
ဘိုးဘိုးကြီးလည်း
ဥပုသ်ကျောင်းကိုသွား
ဘွားဘွားကြီးလည်း
ဥပုသ်ကျောင်းကိုသွား
ဖေဖေကြီးလည်း
ဥပုသ်ကျောင်းကိုသွား
မေမေကြီးလည်း
ဥပုသ်ကျောင်းကိုသွား
သားသားမီးမီးလည်း
ဥပုသ်ကျောင်းကိုသွား
ပျော်စရာမိသားစုကမ္ဘာဖန်တီးလို့
ဦးဦးဖျားဖျားလှူဖွယ်ဝတ္ထုတို့ဖြင့်
ရိုရိုသေသေရိုခိုးလိုက်တာက
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ ။  ။

ဇွဲမာန်(အင်းဝ)
၀၁၆၀၇၀၁၅

Comments

Popular posts from this blog

အလွမ်းမြို့

လမ်းပေါ်ကလူ