Posts

အလွမ်း ၂

Image
အလွမ်း ၂ အဲဒီည မိုးဖွဲဖွဲကျနေတယ် လွမ်းစရာပုံရိပ်တွေနဲ့ တစ်ယောက်ထဲကဗျာတွေးရေးနေမိတယ် စိတ်ကူးထဲမှာ သိပ်ချစ်တဲ့ညီမလေးနဲ့စကားတွေပြောလို့ပေါ့ တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတာ လောကကြီးကိုမေ့နေကြပြီထင်ပါရဲ့ နားလည်ခြင်းများစွာနဲ့ သံယောဇဉ်တွေမွေးဖွားနေလိုက်ကြတာ သူမတူအောင်ပါပဲ ညီမလေးလည်းပျော်နေတယ် သူလည်းပျော်နေတယ် အမှတ်မထင်မိုးပေါက်လေးက စာရွက်ပေါ်ကျလာလို့သတိဝင်လာတော့ အော် ငါငိုနေတာပါလား လက်တွေကျတဲ့ဘဝက ညီမလေးလည်းမရှိဘူး စကားလည်းမပြောပါဘူး ပျော်လည်းမပျော်ရွှင်ဘူး သူ့ကိုလွမ်းတဲ့အကြောင်းရေးထားတဲ့ ကဗျာတစ်ပုဒ်ပဲ ထက်ခါထက်ခါရွတ်ဖတ်နေမိတော့တယ်။ ။ ဇွဲမာန်(အင်းဝ)

အလွမ်း ၃

Image
အလွမ်း ၃ တွေ့ဆုံဖို့ရာခက်ခဲတဲ့နောက် ဘာကိုရွေးချယ်ရမှာလဲ ကံကြမ္မာကိုကခဏပဲမျက်နှာစာပေးခဲ့တာ ခွဲခွါလိုက်ရတဲ့နေ့စွဲတွေပြန်မလိုချင်တော့ဘူး မိုးရွာရင်ဗွက်ပွမယ်ဆိုတာသိတယ် ပျိုးပင်တွေရှင်သန်ဖို့ မိုးကိုတောင်းတနေအုံးမှာပဲ သံယောဇဉ်ပါလာရင်ပူလောင်ရမယ်ဆိုတာ သိတယ် အချစ်ရှင်သန်ဖို့သံယောဇဉ်လိုအပ်နေတယ် ဝေးနေတာအဆန်းမဟုတ်ဘူး နှလုံးသားခြင်းနီးစပ်နေဖို့ပါ ဘယ်ချိန်ဘယ်နေရာဘာပဲလုပ်လုပ် ငါ့မှာချစ်ရမည့်သူရှိတယ်ဆိုတဲ့စိတ်ကလေး မင်းနှလုံးသားမှာရေးထိုးထားနိုင်ရင် အရာအားလုံးကျော်ဖြတ်ရဲလိမ့်မယ်။ ။ ဇွဲမာန်(အင်းဝ) ၀၃၀၀၈၀၁၄

ဘဝ ၂၈။

Image
ဘဝ ၂၈။ အလောင်းစားလုပ်တဲ့အထဲမှာ ဘဝတွေပါသွားလေရဲ့ နေပူပူကြဲကြဲမှာ ရေတစ်ခွက်သောက်မိဖို့ ဘဝတွေခရီးထွက်နေရ ဘဝခရီးသည်အချင်းချင်း နေရာလုကြ မာနတရားတွေထောင်လွှားကြ မလိုမုန်းထားစိတ်ဓာတ်တွေမွေးမြူကြ ကန်ချလိုက်ရမလား ရိုက်ထုတ်လိုက်ရမလား ငယ်ညင်းငယ်နိုင်အကျင့်ဆိုးတွေ ခါးပိုက်ထဲထည့်သိမ်းထားလို့ ဘဝတွေခါးသီးခဲ့ရပြီ အကျင့်ဆိုး အကျင့်ညစ်တွေက မင်းဆိုး မင်းညစ်တွေနဲ့ရောထွေးလို့ သူမတူအောင်ဘဝတွေခါးသီနေကြရ ဟူးးးးးးး မောလိုက်တာမေမေ။ ။ ဇွဲမာန်(အင်းဝ) ၀၂၃၀၆၀၁၄

ဘဝ ၂၇။

Image
ဘဝ ၂၇။ တာထွက်တာနောက်ကျခဲ့ပေမယ့် ပန်းတိုင်ကမရွေ့သွားခဲ့ဘူး။ ငိုနေရမည့်အချိန်လည်းမဟုတ်သလို စိတ်ဓာတ်ကျနေရမည့်အချိန်လည်းမဟုတ်တော့ဘူး။ ဘဝဆိုတာဒီလိုပါပဲ လိုအပ်တိုင်းလည်းမရနိုင်သလို မလိုအပ်တိုင်းလည်းတားဆီးပိုင်ခွင့်မရှိဘူး။ ရွေးချယ်လိုက်တဲ့လမ်းကြောင်းကို ဖြောင့်တမ်းအောင်လုပ်ဖို့က ဘဝကပေးအပ်တဲ့တာဝန်တစ်ခုပါပဲ။ နေဝင်ချိန်ကိုကျော်ဖြတ်ခဲ့ပြီးပြီပဲ ရောင်နီဦးအာရုဏ်မြင်ရတော့မှာပါ ကြိုးစားလိုက်စမ်းပါ ပါးပြင်ပေါ်ကျနေတဲ့မျက်စက်တွေကို အောင်မြင်မှုနဲ့အလှဲထိုးပစ်လိုက်ပါ အလိုလိုနေရင်း ခံစားချက်တွေပြောင်းလဲလာလိမ့်မယ်။ ဇွဲမာန်(အင်းဝ) ၀၁၅၀၆၀၁၄

ဘဝ ၂၆။

Image
ဘဝ ၂၆။ မတူကွဲပြားဘဝတွေကြားမှာ ငယ်ငယ်ကအတိတ်ပုံရိပ်တွေ ဟိုဟိုဒီဒီပြေးလွှားနေခဲ့။ ထွန်းမော်ရေ ကျော်မောင်ရေ ပြေးခဲ့ဟေ့ မိတာနဲ့မိအေးရော ဘယ်မှာလဲ ဒိုးပစ်ကြမယ် ပြေးခုန်တမ်းကစားမလား ဟဲ့ထွန်းမော် နင်ကငါ့ဘက်ကပါရမယ်။ တစ်နှစ် နှစ်နှစ် လေးငါးနှစ် အရွယ်တွေကစကားပြောလာကြ လွယ်အိပ်ကိုယ်စီလွယ်ကြ မေ့မရအတိတ်တွေကလွမ်းဧကရီ ထွန်းမော်လည်းဟိုအဝေးဆီ ကျော်မောင်လည်းလယ်တောဆင်းလို့ မိအေးကကလေးရှေ့မှာမြေဖြူကိုင် မိတာ ခမျာအကြော်ဗန်းလေးရွက်ပြီး ဘဝအတွက်သင်ခန်းစာတွေကျက်နေလေရဲ့ မတူကွဲပြားဘဝတွေ မတူကွဲပြားစိတ်ဓာတ်တွေ လိုရာအရောင်ချယ်လာကြ ဘယ်မှာလဲ ဘယ်ဆီမှာလဲ ဖြူစင်ရိုးသားတဲ့ဘဝတွေ သီအိုရီပြတိုက်ဒေါင့်နားလေးမှာ တိတ်ဆိတ်ငြိမ်သက်လို့။ ။ ဇွဲမာန်(အင်းဝ) ၀၁၃၀၆၀၁၄

ဘဝ ၂၅။

Image
ဘဝ ၂၅။ လေဖမ်းဒန်းစီးတဲ့အထဲမှာ အိပ်မက်လွန်ဝိုင်အချို့နစ်မြုတ်သွားတယ်။ အပူလုံးမကြွဘဲအအေးဓာတ်တွေခံယူခဲ့တာ ဘဝတွေခါးသွားရပြီ နေပူပူ နွေပူပူ ချွေးသံရဲရဲထက် ဘဝအပိုင်းအစများကူးဆက်နေကြ။ ရှင်သန်ဖို့ဘဝစာမျက်နှာတွေ တူတူညီညီလမ်းမကြီးပေါ်ပြုတ်ကျကုန်ပြီ ဟူးးးးးးးးး ပူလိုက်တာ သောကခြေရာများ ဖေဖေရေ မေမေရေ ပြန်ခဲ့ပါတော့ အိမ်မှာမောင်လေးနဲ့ညီမလေး နေရာလုနေကြပြီ။ ။ ဇွဲမာန်(အင်းဝ) ၀၆၀၆၀၁၄

ဘဝ ၂၄။

Image
ဘဝ ၂၄။ ဘဝရဲ့အစိတ်ပိုင်းတွေကို လှန်လျှောကြည့်မိတဲ့အခါ မွေးဖွားခြင်းကိုတွေ့မိတယ်။ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ဖို့ ဇာတ်အိမ်တစ်ခုမွေးဖွားလိုက်တဲ့အခါ ရှင်သန်ခြင်းကိုတွေ့မိတယ်။ နိဒါန်းစာကိုယ်နိဂုံးတွေရဲ့နိယာမ မွေးဖွားခြင်းရှင်သန်ခြင်းသေဆုံးခြင်း နိယာမသဘောတရားတွေတွေ့ခဲ့တယ်။ ရှင်သန်ခြင်းအောက်က မဝံ့မရဲမျက်နှာထားတွေနဲ့ ဘဝတွေကိုပေးဆပ်လို့ ချွေး သွေး ဖြိုင်ဖြိုင်ကျခဲ့ရရှာလေပြီ။ နေပူပူမိုးရွာရွာလေတိုက်တိုက် လောကဓံစီးချက်တွေအောက် ဘဝတွေစတေးလိုက်ရ ရှင်သန်ခြင်းအဓိပ္ပါယ်တွေ အလွဲအမှားမဖြစ်သေးခင် ချွေးသွေးတွေနဲ့ဘဝအပင်ငယ်များကိုစိုက်ပျိုးလို့ အရိပ်ကောင်းအပင်အိုကြီးဘဝအဖြစ်နဲ့ မွေးဖွားခြင်းနိယာမတွေပို့ချပေးရင်း ဘဝကိုတိတ်တိတ်လေးထွက်ခွာသွားသူက အဖေတဲ့။ ။ ဇွဲမာန်(အင်းဝ)