Posts

ဆောင်းရာသီရဲ့ အိပ်မက်

ဆောင်းရာသီရဲ့အိမ်မက် …………………………… လွင့်မျှော့စအိမ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ဒဏ္ဍာရီပုံရိပ်တွေကို မြင်ယောင်လာရင်း……… ခိုက်ခိုက်တုန်ပစ္စုပ္ပန်ကို ကျောခိုင်းနေခဲ့မိပြီ…….။ အိမ်မက်ရဲ့ဇာတ်လမ်းလေးထဲမှာ ပျောက်လုစနတ်သမီးလေးကို လိုက်ရှာနေရင်း……… အေးမြတဲ့ဆောင်းရာသီကို အမှတ်ရမိတယ်…..။ နိဂုံးရဲ့ဇာတ်ဝင်ခန်းမှာ အလွမ်းတေးတွေသီဆိုမယ်ဆိုပြီး ချစ်သူဆီကစာလွှာကိုလှန်လျှောမိတဲ့ အခိုက် ညကလွင့်စင်ခဲ့တဲ့စောင်ပါးပါးလေး ကို သတိရမိတယ်…….။

ဆောင်းရာသီ

ဆောင်းရာသီ …………………. အုံ့အုံ့ဆိုင်းဆိုင်းမြူမှုံတွေကြားမှာ ခရီးတစ်ခုစတင်ဖို့အတွက် နွေးထည်တစ်ထည်ကိုလိုက်ရှာနေမိ တယ်..။ လှပတဲ့သဘာဝရှု့ခင်းတွေကြားမှာ အေးမြတဲ့ရင်ခွင်တစ်ခုအတွက် နွေးထွေးမှုကိုလိုက်ရှာနေမိတယ်…. ။ အထီးကျန်တဲ့ငါ့နေရာလေးမှာတော့ ပျော်ပျော်ရွှင်ရွှင်မက်ခဲ့မိတဲ့ အိမ်မက်လေးကို ပြန်လည်နိုးထစေဖို့ဆိုပြီး…… အေးချမ်းတဲ့ဆောင်းရာသီလေးမှာ နွေးထွေးမှုကိုအလိုရှိနေတဲ့ ငါ့အတွက်………………… စောင်တစ်ထည်ကိုလိုက်ရှာနေတုန်း ပါပဲ………။         ။

“အလွမ်းည’’ ရဲ့ကုန်ဆုံချိန်

“အလွမ်းည’’ ရဲ့ကုန်ဆုံချိန် ……………………………… ပုထုဇဉ်လူသားမှန်ရင်သံယောဇဉ်ကြီးတက်စမြဲဟူသောအဆိုသည်ငြင်းဆိုဖို့ရန်အလွန်ခက်သောစကား ပင်ဖြစ်သည်။ မိမိနှင့်နီးစပ်ရာပတ်ဝန်းကျင်ေ တွမှာသံယောဇဉ်ရှိကြစမြဲပင်။ ကိုယ်တွယ်တာစရာ၊မက်မောစရာတွေကို တွေးတောပြီးသံယောဇဉ်တွယ်တာနေခဲ့ သည်။ လွမ်းဆွေးခြင်း၊အောက်မေ့ခြင်းေ တွဟာပုထုဇဉ်လူသားတွေရဲ့ သာယာမှုဖျော်ဖြေရာစံရိပ်တစ်ခြု ဖစ်ခဲ့ပေသည်။ နေ့စဉ်လုပ်နေကြသွားလာခဲ့သမျှတွေ ကိုအေးငြိမ်းသာယာတဲ့နေရာလေးတွေ မှာ လွမ်းဆွတ်ဖွယ်တွေးတောအောက်မြေ့ ခင်းဟာပျော်စရာအလွန်ကောင်းလှေ ပသည်။ ယ္ခုလည်းကျွန်ုပ်တို့မမေ့နိုင်ဖွ ယ်ရာ ည လေးတစ်ညမွေးဖွားလာခဲ့ပေသည်။ လူတိုင်းလူတိုင်းမှာသူ့ဘဝလေးသူ မေ့ပျောက်ဖို့မလွယ်ကူသောအတိတ်ရဲ့ အကြောင်းအရာလေးတွေ ရှိနေခဲ့သည်မဟုတ်ပါလား။ ကျွန်ုပ်တို့ရဲ့”အလွမ်းည” ကလေးမှာတော့ထိန်းလင်းတဲ့လမင်ြး ကီးအောက်မှာပျော်ရွှင်ဖွယ်ကစားဖွ ယ်ကိုယ်စီဖြင့်ဆော့ကစားနေ တဲ့ကလေးသူငယ်တစ်သိုက်ပြေလွှားဆော့ ကစားနေလေရဲ……….. “ညောင်ပင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ.. ညောင်ကိုင်းမှာနေ..။ နင်ဘာသီးစား… ညောင်သီးစား….။ နင...

ကာရန်မဲ့အလွမ်း

မ ကျွန်တော် မ ကို အရမ်းချစ်တယ် မရယ်။ မ ရဲ့ ယဉ်ကျေးသောအမူအယာတွေက ကျွန်တော့်ကို တမ်းတစေခဲ့တာလား မရယ်။ မ ရဲ့နေပုံထိုင်ပုံက အေးတိအေးစက်နေတတ်တယ်ဆိုတာ ကျွန်တော် သတိထားမိတာပေါ့။ အဲဒီလို နေတတ်တဲ့ မ ရဲ့ အကျင့်လေးကို ကျွန်တော်နှစ်သက် နေမိတယ်။ တခါတခါ  မ ပြောလိုက်တဲ့ စကားသံက ချိုသာလိုက်တာဗျာ။ မလိုအပ်ပဲ မ မပြောဘူး ဆိုတာကို ကျွန်တော်သိထားတယ်လေ။ ကျွန်တော်သူငယ်ချင်းတွေက  မ  အကြောင်းကို မသိတော့ ပြောကြတာပေါ့  မ က မာနကြီးတစ်ခွဲ သားနဲ့ဆိုတာမျိုး၊ ရေခဲတုံးကတောင် အရှုံးပေးရမယ်ဆိုတာမျိုးတွေပြောကြတယ်။ ဒါပေမယ့် သူတို့ မ ကို ချီးကျူးတာလည်း ရှိသေးတယ် မ ကိုကြည့်လိုက်တိုင်း တစ်ခုခုခံစားမိသလိုရှိတယ်လို့လည်း ပြောကြသေးတယ်။ ဒါတွေက မ ရဲ့အကြောင်းကို သူတို့မသိကြသေးလို့ဆိုတာ ကျွန်တော်သိတယ် လေ။ တကယ်တော့  မ က မာနကြီးတာမဟုတ်ပါဘူး ဣနြေ္ဒရှိတာပါ။ မ ရဲ့ ကြီးမားသောဣနြေ္ဒက မ ကိုလွှမ်းမိုးခဲ့တာပါ။ အဲဒီဣနြေ္ဒကြောင့်လည်း မ ရဲ့ လှတွေတိုးစေခဲ့တာလေ။ မ ရဲ့အလှအပတွေကို တိုးစေခဲ့တာလေ မ ရဲ့အလှကို ငေးမောပြီး ရူးသွပ်ခဲ့ရတာတွေ ကျွန်တော့ရင်ထဲမှာ အမြဲလို ကိန်းအောင်းနေခဲ့တယ်။ အကယ်၍သာ မ နှင့်သိခွင့်ရမယ်ဆို...

တောင်းပန်ပါတယ်.........လောကဓံရယ်

တောင်းပန်ပါတယ်……..လောကဓံရယ် …………………………………………….. လောကဓံဆိုတာ………… ငါ့အတွက်များဖြစ်နေမလားမသိ ရိုက်ခက်သည့်ဒဏ်ချက်က ရာထောင်မကပျင်းလွန်းနေတယ် ဖြစ်နိုင်မယ်ဆိုရင်………… သုညဒီဂရီမဟုတ်ရင်တောင်မှ နည်းပါးတဲ့ရိုက်ချက်လေးဖြစ်သင့် ပါ ခုတော့…………………. ကြေမွသွားတဲ့ငါ့ဘ၀လေး မင်း မြင်သွားမယ်ဆိုရင် လိမ့်ဆင်းလာမဲ့မျက်ရည်စက်တွေက မြစ်တစ်ခုဖန်ဆင်းသွားလိမ့်မယ် လောကဓံကကျေနပ်တယ်ဆိုရင် ဖြစ်ချင်တဲ့အတိုင်းတာမဟုတ်ရင်တောင် ဖြစ်သင့်တဲ့အတိုင်းတာလေး ကျွန်ုပ်ဆီပို့ပေးခဲ့ပါနော်….. တောင်းပန်ပါတယ်……လောကဓံရယ် ကျွန်ုပ်ပျော်ချင်လွန်းလို့ပါ…။

သွေးတစ်စက်ရဲ့တန်ဘိုး

“သွေးတစ်စက်ရဲ့တန်ဘိုး” …………………………….. ဖြူစင်ခြင်းမေတ္တာတွေနဲ့ စေတနာဗလပွတွေကိုပုံဖော်ရင်း ဘဝရဲ့ကြီးမားမှုကမ္ဗည်းသစ်ကို ကိုယ်တိုင်ရေးထိုးနိုင်ဖို့အတွက် ကြီးမားတဲ့စွန့်လွတ်မှုတစ်ခုပြုလုပ်ကာ ဘဝတစ်ခုရှင်သန်စေဖို့ဆိုပြီး နီနီရဲရဲ”သွေး”တစ်စက်ကို ဒို့တတွေလှူဒါန်းခဲ့ကြတယ်……။ ကိုယ်ဘဝရဲ့ပဲ့ကိုင်ရှင် ကိုယ့်ဘဝရဲ့အသက်သွေးဆိုပေမဲ့ လိုအပ်နေသူဘဝတစ်ခု...... ရှင်သန်စေရမယ်ဆိုပြီး ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ ဒိုတတွေ……………….. နီနီရဲရဲ”သွေး”တစ်စက်ကို လှူဒါန်းခဲ့ကြတယ်…………။ နီနီရဲရဲ”သွေး”တစ်စက်ဆိုပေမဲ့ ကြီးမားတဲ့မေတ္တာ ကြီးမားတဲ့စေတနာတွေရောမွှေပြီး စီးဆင်းလာတဲ့”သွေး”တစ်စက်က ကမ္ဘာမြေကိုလှပစေနိုင်ခဲ့ပြီ………။ ။   ဇွဲမာန်(အင်းဝ)

လမ်းပေါ်ကလူ

  “လမ်းပေါ်ကလူ” …………………………………………………………………….      ကျွန်တော်စိတ်တွေဘာလို့အလိုမကျဖြစ်နေမှန်းမသိ ဘာအတွက်ကြောင့် ဖြစ်နေမှန်း လည်းမသိ၊ငွေမရှိလို့လားအထီးကျန်မှုလား၊လူတွေရဲ့ အရေးမစိုက်မှုလားမသိ၊ကိုယ့် ကိုကိုယ်အလိုမကျမှုတွေဖြစ်နေခဲ့သည်။ အိပ်ရာထပြီးမျက်နှာသစ်ကာအလိုလိုဒေါသတွေဝင်လာခဲ့မိပြီး ဘယ်သူ့ကို ဒေါသ ထွက်ရမှာလဲ၊ ဘာကိုအကြောင်းပြုရမှာလဲ ကျွန်တော်ကိုယ်ကျွန်တော် စိတ်ဝင်စားသွား သည်။ ကျွန်တော်ထင်တယ် ဒါဟာအထီးကျန်မှုပဲ ဆိုတာ။      သူများတွေမှာ အဖော်တွေနဲ့ လေ ကျွန်တော်မှာဘယ်မှာလဲ ဘယ်သူ့ကို တိုင်တည်ရမှာလဲ ၊ဘယ်သူ့ကိုရင်ဖွင့်ရမှာ လဲ၊ဘာအကြောင်း ပြောရမှာလဲဘာတွေဖြစ်နေမှန်းမသိ တခါလည်းမဟုတ် ခဏခဏ ဖြစ်နေခဲ့သည်။ ဒီလိုဖြစ်တိုင်း စိတ်တွေဖြေဆည်ဖို့စာတွေရေးခဲ့သည်။ အချိန်တွေကုန် စေခဲ့သည်။ခုလည်းအချိန်တွေကုန်စေဖို့လ္ဘက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။ လ္ဘက်ရည် ဆိုင်က နီးလို့သာတော်ပေသည်။ ဆိုင်ထဲကိုထိုင်လိုက်ပြီဆိုတာနဲ့ “အကိုဘာသောက်မလဲ” စားပွဲထိုးညီလေးရဲ့ နှုတ်ဆက်သံ ဒါသူလုပ်နေကျအလုပ်ပင်ဖြစ်လိမ့်မည်။ ပုံမှန်လား၊ ချိုစိမ့်လား၊ဆိုင်မှာ ရတာတွေအကုန်ရွတ်ပြသည်။ ကျွန်တော်သိလိုက်ပြီ အ...