Posts

ကိုယ်တိုင်ရေး အမေ ကဗျာစုစည်းမှု

Image
ဒီနေ့ ပြာသိုလပြည့်နေ့   အမေနေ့ဖြစ်သလို ကျွန်တော့် မွေးနေ့ ဖြစ်သောကြောင့် မွေးမေမေနှင့် အမေများအားလုံးကို ကျေးဇူးဆပ်သောအားဖြင့် ကျွန်တော်ရေးခဲ့သမျှ အမေ ကဗျာအချို့များကို စုစည်းပေးလိုက်ပါသည်။ တချို့ကဗျာများကို ရှာဖွေ၍ မရတော့ပါ။   အားလုံးမင်္ဂလာပါလို့ နုတ်ဆက်ပါရစေ..။ ဒီနေ့ဟာ အမေများနေ့ ဖြစ်သည့်အတွက် ကျွန်တော်ရေးသားသော အမေနှင့်ပတ်သက်သောကဗျာများကိုစုစည်းပြီး အမေများကိုဂုဏ်ပြုပါသည်..။ အမေ့မေတ္တာများကိုနားလည်ကြပြီး အမေ့ကျေးဇူးကိုဆပ်နိုင်ကြပါစေ..။ သွေး ………………. နီရဲတဲ့သွေးတစ်စက်က ဖြူစင်တဲ့မေတ္တာတစ်ခုကြောင့် အရောင်သွယ်တန်းတွေပြောင်းလဲခဲ့ပြီ……။ နီရဲတဲ့သွေးတစ်စက်က ကြီးမားတဲ့မေတ္တာရေကြောင့် အားအင်သစ်တွေမွေးဖွားခဲ့ပြီ…။ တစ်စက်ပဲသွေးရေဆိုပေမဲ့ ကြီးမားတဲ့တန်ဘိုး အားကြီးတဲ့မေတ္တာ…… နိုင်းဆလို့မရတဲ့”ဂုဏ်ကျေးဇူး” ရောထွေးပြီးစီးဆင်းလာတဲ့ အမေ့ရဲ့”သွေး”တစ်စက်က ငါတို့ကို………………. အားအင်သစ်တွေမွေးဖွားပေးခဲ့ပြီ…..။           ။ မိဘမေတ္တာ နိုးဆော်လွှာ ………………………….. ဇမ္ဗူတိုင်းမှာ ဂုဏ်နိုင်းပြလျှင် အမေ ဆိုတာ တုနိုင်းလို့ရမယ်မထင်ဘူး…..။ ကမ္ဘာ...

ယနေ့ ငါ မွေးနေ့

Image
ဒီနေ့ မွေးနေ့ အချိန်အခါသမယမှာ မြတ်ဗုဒ္ဓကို ဆွမ်း ကပ်ပြီး ဘုရားဝတ်ပြုခြင်း ပရိတ်တရားရွတ်ဖတ်ခြင်း ပဋ္ဌာန်းတရားတော်ကြီးရွတ်ဖတ်ပူဇော်ခြင်း သန့်ရှင်းကုသိုလ်ပြ...

Happy New Year

Image
Happy New Year  နှစ်တစ်နှစ်ရဲ့ကုန်ဆုံးခြင်းမှာ နှစ်သစ်တစ်နှစ်ရဲ့အစတွေကပ်ငြိနေတယ်။ ကုန်ဆုံးခြင်းကျော်လွန်ခြင်းဟာ သင်္ခါရတစ်ခုရဲ့ပြယုဂ်တွေပါ မပြီးသေးတဲ့ဘဝတွေအတွက် ...

ပန်းကလေးရဲ့မွေးနေ့မှတ်တမ်း

Image
ပန်းကလေးရဲ့မွေးနေ့မှတ်တမ်း အေးမြခြင်းတွေကိုကာရံထားတဲ့နေ့တစ်နေ့မှာ တစ်ဦးတစ်ယောက်ကသေမင်းကိုစိန်ခေါ်လို့ ရတနာထိုက်တဲ့သမီးကလေးကိုမွေးဖွားပေးခဲ့တယ်၊ လ...

ဒီကဗျာကိုခေါင်းစဉ်မတပ်တော့ဘူးမေမေ

ဒီကဗျာကိုခေါင်းစဉ်မတပ်တော့ဘူးမေမေ ငြိမ်းချမ်းရေးသာ zapya နဲ့ ကူးလို့ ပို့လို့ရရင်တော့ အမေ့ဆီကိုအရင်ပေးလိုက်ချင်တယ်မေမေ၊ နိုင်ငံရေးအခြေနေသိပ်မကောင်းဘူး အေ...

အကယ်၍ တောင်းဆိုခွင့်လေးများရှိခဲ့ရင်

အကယ်၍ တောင်းဆိုခွင့်လေးများရှိခဲ့ရင် မေမေ စူးရှတဲ့မြက်ပင်တွေကြားမှာအိပ်ရလို့ မညိုညင်ခဲ့မိပါဘူး ခြင်တွေကိုက်လို့ စိတ်မပျက်ခဲ့မိပါဘူး အကယ်၍ တောင်းဆိုခ...