Posts

အဖြေမရှိတဲ့ပုစ္ဆာ

အဖြေမရှိတဲ့ပုစ္ဆာ ဝါကျတွေများသလောက် စာစီဖို့ရာခက်ခဲနေတတ်တယ် ပြန့်ကျဲနေတဲ့အက္ခရာတွေကလည်း ဥဒဟို မညီမညာအနားသတ်တွေက ဟိုဟို ဒီဒီ ထိုးထိုး ထောင်ထောင် ညှိယူဖို့လုပ်ဖြစ်လိုက်ပြန်တေ့ အဆင်ပြေခြင်းမပြေခြင်းကခေါင်းစဉ်တပ်လို့ သံယောင်လိုက်စကားလုံးတွေကြားမှာ ရှင်ခြင်းသေခြင်းကိုလွန်ဆွဲလို့ သင်္ခါရသဘောတရားကြီးကို အလိုလိုပုစ္ဆာထုတ်ပြီးမေးနေမိတယ် ဘဝကအမေးလားအဖြေလားခွဲခြားမသိခင် အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်ကိုတော့ သူသူငှါငှါအဖြေထုတ်နေကြရင်း ဘဝရဲ့ပုစ္ဆာတွေကိုဖြေဆိုနေကြရတယ် တကယ်တော့ သူသူငှါငှါမသိခြင်းများစွာထဲမှာ ဘယ်ချိန်ဘယ်နေရာသေဆုံးခြင်းမသိခြင်းက အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်ပါပဲ ။ ။ ဇွဲမာန်(အင်းဝ) ၈ ၇ ၂၀၁၅

အဖေဟာ အဖေပါပဲ

Image
အဖေဟာ အဖေပါပဲ အများအမြင်မှာ လူကြမ်းကြီးဖြစ်ချင်ဖြစ်နေခဲ့မှာ ကျုပ်အတွက်ကတော့ မင်းသားပဲ၊ အများအမြင်မှာ ဘာမှအလေးမထားတဲ့သူဖြစ်ချင်ဖြစ်ခဲ့မှာ ကျုပ်အတွက်တေ...

သံမဏိနှင်းဆီ

Image
သံမဏိနှင်းဆီ ဆူးတွေကြားမှာ နှင်းဆီဟာတစ်ပွင့်ထဲ ရဲရဲတောက် နီနီရဲရဲ ရနံ့သင်းပြီး လောကတရားကြီးကို သူ့သတ္တိ သူ့ဗျတ္တိ သူ့ဂုဏ်ဒြပ် သူ့အလှတရားတွေနဲ့ဝန်းရံလို့ ...

မြန်မာ နိုင်တယ်

Image
မြန်မာ နိုင်တယ် ရွှေမရပေမယ့် ရွှေထက်တန်ဘိုးရှိတဲ့စိတ်ဓာတ်တွေ ရလိုက်တယ် ဖလားမရလိုက်ပေမယ့် ဖလားထက်တန်ဘိုးရှိတဲ့စည်းလုံးခြင်းတွေ ရလိုက်တယ် ပျော်ရွှင်မှုတွေ...

ရွှေစေတီထံတော်ပါးမှာဝယ်

Image
ရွှေစေတီထံတော်ပါးမှာဝယ် တူနှစ်ကိုယ်ဆုံစည်းမှုလေး မူယာတွေမာယာတွေမပါဘဲဆုံခဲ့ရပြီ၊ ဆုပ်ကိုင်ထားတဲ့လက်တစ်စုံကလည်း သံယောဇဉ်တွေနဲ့ချည်နှောင်လို့ နွေးထွေးေ...

ညနေစောင်းတော့အိမ်ပြန်ချင်တယ်မေမေ

Image
ညနေစောင်းတော့အိမ်ပြန်ချင်တယ်မေမေ တိုက်ခန်းကြီးထဲမှာတနေကုန်လို့ ရုန်းထွက်လို့မရတဲ့နေ့စွဲများ မြူမှုန်တွေတက်နေတဲ့ပရိဘောဂတွေ ပြောင်လက်နေခဲ့ပါပြီ အရောင...